စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး သေနတ်ထိမှန်၊ စိုးရိမ်ရ

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး သေနတ်ထိမှန်၊ စိုးရိမ်ရ
သတင်း - သံလွင်တိုင်းမ်
သတင်း - သံလွင်တိုင်းမ်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်၊ ဝင်းကဖော်ရွာမှာ အောက်တိုဘာလ ၃၁ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်တာကြောင့် အမျိုးသမီးတစ်ဦးသေနတ်ထိမှန် ဒဏ်ရာရပြီး စိုးရိမ်ရတယ်လို့ သိရပါတယ်။

 

အဆိုပါနေ့လည်ပိုင်းကတည်းက PDF အဖွဲ့တွေကို ရှာဖွေတယ်လို့ အကြောင်းပြပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဝင်းကဖော်ကျေးရွာက ဥယျာဉ်ခြံတွေထဲထိ လိုက်လံရှာဖွေခဲ့တယ်လို့ ဆိုပါတယ်။

 

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ညနေပိုင်းမှာ ပြန်လည်ထွက်ခွာချိန် သေနတ်ပစ်ဖောက်မှုတွေလုပ်ခဲ့တာကြောင့် ဒေသခံအမျိုးသမီး မခင်ခင်ခိုင် အသက် ၃၀ နှစ် ကိုသေနတ်ထိမှန်ခဲ့ပြီး စိုးရိမ်ရအခြေနေရှိတယ်လို့ သိရပါတယ်။

 

"နေ့လည်ပိုင်းကတည်း သူတို့တွေ လိုက်ရှာနေတယ်။ ဘာရှာနေလဲတော့မသိဘူး။ ညနေပိုင်းပြန်တဲ့အချိန် သေနတ်တွေရမ်းသတ်ပစ်ခတ်တာတွေလုပ်လို့ အမျိုးသမီးတစ်ဦး သေနတ်ထိတယ်လို့ သိရတယ်။ ရင်ညွှန့်ကို မှန်သွားတယ်တဲ့''လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

 

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ တောင်ပျောက်တိုက်နယ်၊ သဲချောင်းကြီးကျေးရွာမှာ ခြေကုပ်ယူစခန်းချနေထိုင်တာ တစ်လကျော်ကြာမြင့်နေပြီးဖြစ်တယ်လို့ သိရပါတယ်။

 

ဒါ့အပြင် တောင်ပျောက်တိုက်နယ်အတွင်း ဝင်ထွက်နိုင်တဲ့ လမ်းကိုပိတ်ဆို့ စစ်ဆေးမှုတွေ လုပ်နေတာကြောင့် ကျေးရွာ ၁၀ ရွာက ဒေသခံ စားနပ်ရိက္ခာဝယ်ယူရန် သွားလာဖို့ အခက်ခဲတွေ ဖြစ်ပေါ်နေတယ်လို့ လည်း သိရပါတယ်။

July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...
July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...