KNU နယ်မြေ၊ လေးကေကော်မြို့သစ်ကို စစ်တပ်က ၄ ကြိမ်မြောက် ဝင်စစ်

KNU နယ်မြေ၊ လေးကေကော်မြို့သစ်ကို စစ်တပ်က ၄ ကြိမ်မြောက် ဝင်စစ်

ကရင်အမျိုးသား အစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေ လေးကေကော် မြို့သစ်ကို အာဏာသိမ်း စစ်ကောင်စီက ယနေ့၊ အောက်တိုဘာလ ၃၁ ရက်၊ နံနက်ပိုင်းတွင် လာရောက် စစ်ဆေးခဲ့ကြောင်း လေးကေကော်မြို့သစ် တာဝန်ရှိသူက မဇ္စျိမကို ပြောသည်။

ဒေသကာကွယ်ရေးတပ် PDF တပ်ဖွဲ့ဝင်များ ရှိနေနိုင်သည်ဟု ဆိုကာ နယ်မြေရှင်းလင်းရေး အကြောင်း ပြချက်ဖြင့် လာရောက်စစ်ဆေးခြင်းဖြစ်ပြီး ယခုတစ်ကြိမ်နှင့်ဆိုလျှင် လေးကြိမ်မြောက် ရှိပြီ ဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။

“ကျွန်တော်တို့ကို အသိပေးတာက နယ်မြေရှင်းလင်းရေးပေါ့နော်။ အဲဒီအတွက် ဝင်တယ်ဆိုပြီး ဒီလောက်ပါပဲ။ အိမ်တွေဘာတွေ နည်းနည်း ဝင်စစ်ဆေးတယ်ပေါ့။ PDF တွေ၊ ဘာတွေ ရှိလာပေါ့” ဟု လေးကေကော်မြို့သစ် တာဝန်ရှိသူက မဇ္စျိမကို ပြောသည်။

ခန့်မှန်းခြေ အင်အား ၄၀ ကျော် ပါဝင်သည့် စစ်ကောင်စီ လက်အောက်ခံ ခမရ (၅၆၀) တပ်ရင်း စစ်ကြောင်းက နှစ်နာရီကျော်ကြာ တစ်အိမ်တက် တစ်အိမ်ဆင်း စစ်ဆေးပြီးနောက် မွန်းတည့် ၁၂ နာရီလောက်တွင် ပြန်ထွက်သွားခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၈ ရက်နေ့ ကလည်း အင်အား ၁၀၀ ခန့် ပါဝင်သည့် စစ်ကောင်စီ လက်အောက်ခံ ခမရ (၅၆၀) တပ်ရင်း စစ်ကြောင်းက ဝင်ရောက် စစ်ဆေးခဲ့သေးသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နယ်မြေရှင်းလင်းရေး အကြောင်းပြချက်ဖြင့် လေးကေကော် မြို့သစ်ကို စစ်တပ်က ဝင်ရောက်စစ်ဆေးမှုသည် လက်ရှိအကြိမ်နှင်ဆိုလျှင် လေးကြိမ်မြောက် ရှိပြီ ဖြစ်သည်။

KNU တပ်မဟာ (၆) ထိန်းချုပ်နယ်မြေရှိ လေးကေကော်မြို့သစ်ကို သမ္မတ ဦးသိန်းစိန်လက်ထက် မြန်မာအစိုးရနှင့် KNU တို့အကြား ငြိမ်းချမ်းရေး အထိမ်းအမှတ်အဖြစ် ဂျပန်နိုင်ငံ၊ နီပွန် ဖောင်းဒေးရှင်းက ကမကထ ပြုလုပ်ပြီး တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

Photo by KIC

Most read this week

ရုရှားနိုင်ငံထုတ် စစ်ကော်မရှင်၏တိုက်လေယာဉ်အသစ်များကို အာဏာသိမ်းပြီးကာလမှာ တွေ့ရစဉ်(ပုံအဟောင်း-AFP)
March 17, 2026
ဓာတု — မန္တလေးတိုင်း၊ မြင်းခြံခရိုင်ရှိ မြင်းခြံနှင့်နွားထိုးကြီးမြို့နယ်တို့တွင် နှစ်လတာအတွင်း...
ဓာတ်ပုံ - ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်အဖွဲ့ဝင် သုံးဖွဲ့မှ တပ်သားများကို အတူတကွ တွေ့ရစဥ် ။
March 16, 2026
မောင်ခက်နွေ — ညီနောင်မဟာမိတ် အဖွဲ့ဝင်များ ဖြစ်သည့် MNDAA နှင့် TNLA တို့အကြား ဖြစ်ပွားနေသည့်...
March 14, 2026
စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်မှ ၁၀ ရက်အတွင်း  ညောင်လေးပင်မြို့နယ်၌ ကျူးလွန်ခဲ့သည့်...
March 13, 2026
ပါခွီး — ပဲခူးတိုင်း ၊ တောင်ငူမြို့ အခြေစိုက် ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံး ၁၈လုံးဖြင့် ပစ်ခတ်...