စစ်ကောင်စီက စာသင်ကျောင်းများ ပြန်ဖွင့်ပြီး လူသားတံတိုင်းလုပ်၍ မိုင်းခွဲဖျက်ဆီးနိုင်ကြောင်း ပညာရေးအဖွဲ့များ သတိပေး

စစ်ကောင်စီက စာသင်ကျောင်းများ ပြန်ဖွင့်ပြီး လူသားတံတိုင်းလုပ်၍ မိုင်းခွဲဖျက်ဆီးနိုင်ကြောင်း ပညာရေးအဖွဲ့များ သတိပေး

စစ်ကောင်စီက စာသင်ကျောင်းများကို ပြန်လည်ဖွင့်လှစ်ပြီး စာသင်ကျောင်းများ၌ တပ်စခန်းချကာ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ဆရာမများကို လူသားတံတိုင်းလုပ်ပြီး မိုင်းခွဲဖျက်ဆီးခြင်းများပြုလုပ်လာနိုင်သည်ဟု ပညာရေးအတွက်ဦးဆောင်တိုက်ပွဲဝင်နေသူများက သတိပေးလိုက်သည်။

စစ်ကောင်စီက လူသားတံတိုင်းလုပ်၍ မိုင်းခွဲဖျက်ဆီးကာ PDFများလုပ်ဆောင်သည့်ပုံစံမျိုးဖြင့် ဝါဒဖြန့်ချီခြင်းများလုပ်ဆောင်လာနိုင်သည်ဟု BEWU-SCနှင့် BEGSC တို့က သတိပေးထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

အောက်တိုဘာ ၃၁ရက်နေ့တွင် အခြေခံပညာ ပညာရေးလုပ်သားသမဂ္ဂများ တိုက်ပွဲဦးဆောင်ကော်မတီ (BEWU-SC) နဲ့ အခြေခံပညာ ပညာရေးဝန်ထမ်းများ အ‌ထွေထွေသပိတ်ကော်မတီ(BEGSC) တို့က သတိပေးထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ယခုကဲ့သို့ စာသင်ကျောင်းများကို ပြန်လည်ဖွင့်လှစ်ခြင်းသည် စစ်ကောင်စီက ၎င်းတို့၏ ကျဆင်းနေသည့်နိုင်ငံရေးသိက္ခာကို ဆယ်ယူရန် ဟန်ပြလုပ်ဆောင်ခြင်းဖြစ်သည်ဟု ဆိုသည်။

ကျောင်းသား၊ ကျောင်းသူများ၏ ပညာ‌ရေးဆက်လက်သင်ကြားခွင့်ကို ဖန်တီးပေးခြင်းထက် စစ်ကောင်စီ၏ အကျိုးစီးပွားအတွက် လုပ်ဆောင်ခြင်းဖြစ်သည့်အတွက်ကြောင့် မိဘများအနေနှင့် မပူးပေါင်းကြရန်ထည့်သွင်း တိုက်တွန်းထားပါသည်။

"ဒီလောက် တစ်နိုင်ငံလုံးကို ယုတ်မာနေတဲ့ ဖက်ဆစ်စစ်တပ်ဟာ ကလေးတွေပညာရေးထက် သူတို့ရဲ့ နိုင်ငံရေးအကျိုးအမြတ်အတွက်ကိုပဲ ကြည့်ပြီးလုပ်တာပါ၊ ကျွန်တော်တို့ တိုက်တွန်းသတိပေးထားသလိုပဲ စာသင်ကျောင်းတွေကို ခံတပ်လုပ်ပြီး သူတို့ဘာသာ ဖောက်ခွဲလိုက် PDFတွေလုပ်သလို ပုံဖော်လိုက် လုပ်ချင်နေတယ်၊ PDFတွေကတော့ ဒီလိုလုပ်ရပ်တွေ မလုပ်တာသေချာပေမဲ့ သူတို့က လုပ်မှာပဲ၊ ပြီးရင် သူတို့လုပ်တာကို ဖုံးကွယ်ပြီး နိုင်ငံရေးအမြတ်အတွက် ကလေးတွေအသက်ကို လဲမှာပဲ၊ ဖက်ဆစ်စစ်တပ်နဲ့ မပူးပေါင်းပါနဲ့လို့ တိုက်တွန်းချင်ပါတယ်”ဟု BEWU-SC၏ ဗဟိုကော်မတီဝင်တစ်ဦးလည်းဖြစ် ပညာရေးတက်ကြွလှုပ်ရှားသူ ဦးဖြိုးဝေအောင်ကပြောသည်။

လက်ရှိအချိန်တွင် စာသင်နှစ် နှစ်ဝက်ကျော်ခဲ့သည့်အချိန်ဖြစ်၍ သင်ခန်းစာသင်ရိုးများ ပြီးပြတ်သည်အထိသင်ယူနိုင်ရန် လွယ်ကူမည်မဟုတ်ကြောင်း၊ ‌စစ်ကောင်စီက ကျောင်းများပြန်လည်ဖွင့်လှစ်သည်မှာ တနိုင်ငံလုံးအတိုင်းအတာဖြင့် ဖွင့်လှစ်ပေးခြင်း မဟုတ်သည့်အတွက် တန်းတူညီတူပညာရေး မဟုတ်ကြောင်းကို ၎င်းကထပ်ဆင့်ပြောသည်။

နိုဝင်ဘာလ ၁ ရက်နေ့တွင် ပုဂ္ဂလိက‌ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများအပါအဝင် အခြေခံပညာကျောင်းများ ဖွင့်လှစ်မည်ဟု စစ်ကောင်စီမှ အောက်တိုဘာ ၂၈ ရက်နေ့‌က အခြေခံပညာစာသင်ကျောင်းများကို ပြန်လည်ဖွင့်လှစ်ရန်အတွက် ထုတ်ပြန်ကြေညာထားသည်။

Most read this week

ရုရှားနိုင်ငံထုတ် စစ်ကော်မရှင်၏တိုက်လေယာဉ်အသစ်များကို အာဏာသိမ်းပြီးကာလမှာ တွေ့ရစဉ်(ပုံအဟောင်း-AFP)
March 17, 2026
ဓာတု — မန္တလေးတိုင်း၊ မြင်းခြံခရိုင်ရှိ မြင်းခြံနှင့်နွားထိုးကြီးမြို့နယ်တို့တွင် နှစ်လတာအတွင်း...
ဓာတ်ပုံ - ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်အဖွဲ့ဝင် သုံးဖွဲ့မှ တပ်သားများကို အတူတကွ တွေ့ရစဥ် ။
March 16, 2026
မောင်ခက်နွေ — ညီနောင်မဟာမိတ် အဖွဲ့ဝင်များ ဖြစ်သည့် MNDAA နှင့် TNLA တို့အကြား ဖြစ်ပွားနေသည့်...
March 14, 2026
စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်မှ ၁၀ ရက်အတွင်း  ညောင်လေးပင်မြို့နယ်၌ ကျူးလွန်ခဲ့သည့်...
March 13, 2026
ပါခွီး — ပဲခူးတိုင်း ၊ တောင်ငူမြို့ အခြေစိုက် ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံး ၁၈လုံးဖြင့် ပစ်ခတ်...