မော်လမြိုင် NLD ပါတီရုံး ဗုံးခွဲ ဖျက်ဆီးခံရ

မော်လမြိုင် NLD ပါတီရုံး ဗုံးခွဲ ဖျက်ဆီးခံရ

မော်လမြိုင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ မြို့နယ်ရုံးဟာ ဒီကနေ့ မနက် ၃ နာရီအချိန်ခန့်က ဗုံးခွဲ ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေ ပြောပါတယ်။

“အသံအကျယ်ကြီးပဲ၊ မနက် ၃ နာရီလောက်က ဖြစ်သွားတာ၊ NLD ရုံး ဘေးနားအိမ်တွေ မှန်နည်းနည်းကွဲတယ်၊ ကားမှန်တွေလဲ ကွဲတယ်၊ NLD ရုံးကတော့ ဆိုင်းဘုတ်လောက်ပဲ ပျက်စီးသွားတယ်” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

အဲဒီဗုံးပေါက်ကွဲမှုကြောင့် NLD ပါတီရုံး ဗီနိုင်းနဲ့ အဆောက်အဦး အနည်းငယ်ထိခိုက်ပျက်စီးခဲ့ပြီး လူထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ သိရပါတယ်။

NLD ပါတီမြို့နယ်ရုံးကို စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့က ဗုံးပစ်သွင်းသွားတာဖြစ်မယ်လို့ ဒေသခံတွေက မှတ်ချက်ပြုပါတယ်။

မွန်ပြည်နယ်မှာတော့ အခုလအတွင်း မော်လမြိုင်၊ ကျိုက်ထို၊ ဘီးလင်းနဲ့ သထုံမြို့နယ်က NLD ပါတီ မြို့နယ်ရုံးတွေ ဗုံးခွဲဖျက်ဆီးခံခဲ့ရပါတယ်။

July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...
July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...