NLD သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်ကို စစ်ကောင်စီက ထောင် နှစ် ၂၀ ချ

NLD သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်ကို စစ်ကောင်စီက ထောင် နှစ် ၂၀ ချ

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ သဘာပတိ အဖွဲ့ဝင် ဦးဝင်းထိန်ကို နိုင်ငံတော်ကိုအကြည်ညိုပျက်အောင်ပြုလုပ်မှု ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၁၂၄-က ဖြင့် နေပြည်တော် ဒက္ခိဏခရိုင် တရားရုံး အထူးခုံရုံးက ယနေ့ အောက်တိုဘာ ၂၉ ရက်တွင် ထောင် နှစ် ၂၀ အမိန့် ချလိုက်ကြောင်း ၎င်း၏ ရှေ့နေက မဇ္ဈိမကို ပြောသည်။

ဦးဝင်းထိန်ကို ယနေ့ အိုးဘိုထောင်သို့ ပို့မည်ဟုလည်း ၎င်းနှင့် နီးစပ်သည့် အသိုင်းအဝိုင်းက ပြောသည်။

၎င်း၏ ရှေ့နေကမူ "ရဲတပ်ဖွဲ့ဝင်တွေက အနှစ် ၂၀ ဆိုတော့ ဒီနားက ရမည်းသင်းထောင်လည်း ပို့လို့မရတော့ ဘယ်ကို ပို့ဖို့ စီစဉ်နေလဲတော့ ကျွန်တော်လည်း အတိအကျ မသိရဘူးခင်ဗျာ" ဟု ပြောသည်။

ဦးဝင်းထိန်သည် လက်ရှိတွင် နေပြည်တော်အကျဉ်းထောင်တွင် ရှိနေသည်။

အသက် ၈၀ အရွယ် ဦးဝင်းထိန်၏ လက်ရှိ ကျန်းမာရေး အခြေအနေနှင့် ပတ်သက်၍ "ကျန်းမာရေး ကောင်းပါတယ်။ ဒါပေမဲ့ အသက် ၈၀ တန်းနဲ့ ယှဉ်တဲ့ ကျန်းမာရေးတော့ ရှိတာပေါ့" ၎င်း၏ ရှေ့နေက ပြောသည်။

ဦးဝင်းထိန်သည် နှလုံးရောဂါကြောင့် အောက်ဆီဂျင်စက်ဖြင့် အိပ်ရသည်မှာ အချိန်ကြာမြင့်ပြီ ဖြစ်သည့်အပြင် အသက်အရွယ် ရလာသဖြင့် ၎င်း၏ ကျန်းမာရေးကို စိုးရိမ်ကြောင်း ၎င်းနှင့် နီးစပ်သူများက ပြောသည်။

ပုဒ်မ ၁၂၄-က သည် နှုတ်ဖြင့်သော်လည်းကောင်း စာဖြင့်သော်လည်းကောင်း အမှတ်အသား (သို့) ထင်ရှားသော အမှတ်အသား အဖြစ်သော်လည်းကောင်း၊ ထို့အပြင် တခြားသော နည်းဖြင့် နိုင်ငံတော်နှင့် နိုင်ငံတော်အစိုးရ အဖွဲ့ဝင်များအပေါ် မုန်းတီးလာအောင်၊ မလေးမစား ဖြစ်အောင်နှင့် ယင်းသို့ ဖြစ်စေရန် လှုံဆော်ခြင်း၊ လှုံဆော်ရန် အားထုတ်ခြင်းတို့ကို ပြုလုပ်ပါက ပြစ်မှု ထင်ရှားကြောင်း ပေါ်ပေါက်ပါက စွဲဆိုသည့် ပုဒ်မ ဖြစ်ကြောင်း ရာဇသတ်ကြီး ဥပဒေ ပြဋ္ဌာန်းချက် အရ သိရသည်။ အဆိုပါ ပုဒ်မသည် အမြင့်ဆုံး ထောင်ဒဏ် တစ်သက်တစ်ကျွန်းထိ ချမှတ်နိုင်ကြောင်း သိရသည်။

Most read this week

ဓာတ်ပုံ - (စစ်ကိုင်းတိုင်းရှိ တောင်သူတစ်ဦး လယ်ထွန်ယက်နေစဉ် / MDN.gov)
August 26, 2026
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်များတွင်...
ဓာတ်ပုံ – (တမူး - ကလေးလမ်းပိုင်းတိုက်ပွဲအတွင်း ပျက်စီးသွားသည့် နန်မွန်းတားတံတား ပြုပြင်နေစဉ်/ Crd)
August 26, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ သွား...
ဓာတ်ပုံ - Thingsai Tlaizawng / မီဇိုရမ်ပြည်နယ်အတွင်း ဖမ်းဆီးရမိသည့် လက်နက်ခဲယမ်းများ
August 25, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ရက်ပိုင်းခြား၍ မြန်မာနိုင်ငံမှ သယ်ဆောင်လာသည်ဟု ယူဆရသော သေနတ်...
August 24, 2026
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် မုံရွာခရိုင် ၅+၁ တပ်ဖွဲ့ဝင် နှစ်ဦးနှင့်...