ပြည်သူ့စစ်ခေါင်းဆောင်နေအိမ် မီးရှိူ့ခံရပြီး ပြည်သူ့စစ်ခေါင်းဆောင်အပါဝင် ၄ ဦး သေဆုံး

ပြည်သူ့စစ်ခေါင်းဆောင်နေအိမ် မီးရှိူ့ခံရပြီး ပြည်သူ့စစ်ခေါင်းဆောင်အပါဝင် ၄ ဦး သေဆုံး

တနင်္သာရီမြို့နယ် ပဝအုပ်စု၊ ပဝရွာမက ပြည်သူ့စစ်ခေါင်းဆောင် ဦးမြင့်ဌေးရဲ့နေအိမ် ဒီကနေ့ အောက်တိုဘာ ၂၉ ရက် မနက်ပိုင်းက မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ မနက်ပိုင်းက ပြည်သူ့စစ်ခေါင်းဆောင် ဦးမြင့်ဌေး နေအိမ်ကို အမည်မသိလက်နက်ကိုင်အဖွဲ့က ရောက်ရှိလာပြီး လက်နက်ချအဖမ်းခံဖို့ ပြောဆိုခဲ့ရာ သေနတ်ပြန်လည်ပစ်ခတ်ခဲ့တာကြောင့် နေအိမ်ကို မီးရှို့သွားခဲ့တာဖြစ်ပါတယ်။

"လက်နက်ချဖို့ပြောတယ်လို့ကြားတယ်၊ သူ့အိမ်မှာ သူ့မိသားစုနဲ့အတူ တခြား ဗျူစောထီးနဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တွေလည်းရှိတော့ လက်နက်အားကိုးနဲ့ သူတို့က လက်နက်မချတော့ ပစ်ခတ်မှုဖြစ်တာလို့ သိရတယ်။ နောက်ပြီး သူ့အိမ်ကို မီးရှို့လိုက်တယ်၊ အိမ်ထဲမှာပိတ်မိနေတဲ့ ဦးမြင့်ဌေးအပါအဝင် လေးဦးသေတယ်။ ဒဏ်ရာရပြီး ထွက်ပြေးသွားတဲ့သူလဲရှိတယ်" လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မီးလောင်မှုကြောင့် ပြည်သူ့စစ်ခေါင်းဆောင် ဦးမြင့်ဌေး၊ ၎င်းဇနီးဖြစ်သူနဲ့ သမီးဖြစ်သူအပြင် အိမ်မှာညလာအိပ်တဲ့ သမီးဖြစ်သူရဲ့သူငယ်ချင်းပါ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ပြည်သူ့စစ်ခေါင်းဆောင် ဦးမြင့်ဌေးမှာ စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦးဖြစ်ပြီး စစ်တပ်အာဏာသိမ်းတဲ့နေ့ကတည်းက လက်နက်အားကိုးဖြင့် CDM ဝန်ထမ်း‌တွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို ဖိအားပေးခြိမ်းခြောက်တာ၊ စစ်တပ်သတင်းပေးတိုင်ကြားမှုများ လုပ်ဆောင်နေသူတစ်ဦးဖြစ်တယ်လို့ ဒေသခံတွေ ပြောပါတယ်။

 

July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...
July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...