အခြေခံစားသောက်ကုန်များ ဈေးမြင့်တက်နေသော်လည်း ဒေသထွက်ငါးခြောက်များဈေနးနှုန်းကျဆင်း

အခြေခံစားသောက်ကုန်များ ဈေးမြင့်တက်နေသော်လည်း ဒေသထွက်ငါးခြောက်များဈေနးနှုန်းကျဆင်း

လက်ရှိကာလတွင် အခြေခံစားသောက်ကုန်များ ဈေးမြင့်တက်နေသော်လည်း မွန်ပြည်နယ်မှ ဒေသထွက်ငါးခြောက်များ ဈေးကောင်းမရရှိဘဲ ဈေးနှူန်းကျဆင်းမှုနှင့် ရင်ဆိုငနေရကြောင်း တပိုင်တနိုင် ငါးခြောက်ရောင်းဝယ်နေသူများက ဆိုသည်။

ယခုနှစ်တွင် နိုင်ငံရေးအခြေနေမတည်ငြိမ်မှုနှင့် ကိုဗစ်ကပ်ရောဂါကြောင့် အခြေခံစားသောက်ကုန်များဖြစ်သည့် ကုန်ခြောက်ဝယ်ယူမှုများပြားနေချိန်တွင် မွန်ပြည်နယ်ထွက် ငါးခြောက်များ ဈေးကွက်ပိုမိုရရှိလာသည်ဆိုသော်လည်း ယမန်နှစ်ဈေးနှုန်းအတိုင်းသာ ရောင်းဝယ်နေရကြောင်း ကျိုက်ခမီမြို့မှ ငါးခြောက်ဒိုင် မကလျာက ပြောသည်။

“အရင်တုန်းက ဒီဈေးနဲ့လည်ပတ်နေရတာ ဘာမှမဖြစ်ပေမယ့် အခုလိုကုန်ဈေးနှုန်းတွေ မတရားဈေးတက်လာတဲ့အခါမှာ ကိုယ့်ဆီကထွက်တဲ့ပစ္စည်းတွေ ဈေးမရတော့ နည်းနည်းတော့ အခက်အခဲဖြစ်တာပေါ့ နောက်ပြီး ငါးခြောက်ဆိုတာမျိုးက အရမ်းကြီးတာရှည်ခံထားလို့ရတဲ့အရာမဟုတ်တော့ ရသလောက်ဈေးနှုန်းနဲ့ပဲ ထုတ်ရောင်းနေရတာပေါ့” ဟု ၎င်းဆိုသည်။

လက်ရှိ မွန်ပြည်နယ်မြို့နယ်အတွင်းတွင် ငါးကွန်းရှပ်ခြောက် တစ်ပိသာ ကျပ် ၂၀၀၀၀၊ ငါးရောင်ခြောက် ကျပ် ၁၅၀၀၀၊ ငါးနှပ်ခြောက် ကျပ် ၁၇၀၀၀၊ ငါးတံခွန်ခြောက် ကျပ် ၁၅၀၀၀ နှင့် ငါးလိပ်ကျောက် ကျပ် ၂၀၀၀၀ ဖြစ်ပွီး ယခင်နှစ် ပေါက်ဈေးအတိုင်းသာဖြစ်ကြောင်း ၎င်းကဆိုသည်။

ကျိုက်ခမီမြို့မှ ငါးလုပ်ငန်းရှင် ကိုကျော်မင်းက “လက်ရှိမှာ ငါးဖမ်းလှေ ၂ စီးလောက်ရပ်နားထားတယ်။ ကိုက်မှမကိုက်ပဲ။ ကိုက်လို့ လုပ်နေရရင်တစ်မျိုးပေါ့။ ရနိုးနိုးနဲ့ ထွက်ကြည့်ပါသေးတယ် လက်ရှိ ဒီဆီဈေးနဲ့ ဘယ်လိုမှ အဆင်မပြေပါဘူး” ဟု ဆိုသည်။

လက်ရှိတွင် တရုပ်ပြည်သို့ ငါးတင်ပို့မှုရပ်နားထားရခြင်းကြောင့် ဒေသတွင်းအဝယ်ဒိုင်များမှ ငါးဝယ်ယူနိုင်မှုမရှိသလောက်ဖြစ်နေပြီး နေ့စဉ်ဖမ်းဆီးရမိသော ငါးအများစုကို နေပူလှန်း၍ ငါးခြောက်ပြုလုပ်လျက်ရှိကြောင်း သိရသည်။

August 14, 2026
အမျိုးသမီး ပြည်သူ့စစ်မှုထမ်း သင်တန်းကို စစ်အုပ်စုက ဩဂုတ်လ ၁၀ ရက်နေ့တွင် ဖွင့်လှစ်လိုက်ကြောင်း...
August 13, 2026
မွန်ပြည်၊ မုဒုံမြို့၊ မြို့မ (၂) ရပ်ကွက်၊ အဲမွန်ဒယား (၃) လမ်းတွင် အိမ်ငှားနေထိုင်သည့်...
August 10, 2026
မွန်ပြည်၊ ရေးမြို့နယ်အခြေစိုက် တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်သည့် ရေးဘီလူးအဖွဲ့၏ ဖေ့ဘွတ်လူမှုကွန်ရက်...
August 7, 2026
မွန်နှင့် ကရင်ပြည် ထိစပ်နေသည့် ကျေးရွာအချို့တွင် ဒေသတွင်းလက်နက်ကိုင်အဖွဲ့များ၏ မူးယစ်ဆေးဝါး...