နိုင်ငံရေးမတည်ငြိမ်တာကြောင့် မွန်က ဟိုတယ်လုပ်ငန်းတွေ မဖွင့်နိုင်သေး

နိုင်ငံရေးမတည်ငြိမ်တာကြောင့် မွန်က ဟိုတယ်လုပ်ငန်းတွေ မဖွင့်နိုင်သေး

မွန်ပြည်နယ်က ဟိုတယ် လုပ်ငန်းအများစုဟာ စစ်တပ်အာဏာသိမ်းတာနဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် တစ်နှစ်ကျော်အကြာ ပိတ်ထားခဲ့ရတာ ဖြစ်ပါတယ်။

ဟိုတယ်လုပ်ငန်းတွေဟာ စစ်တပ်အာဏာသိမ်းတာနဲ့ ကိုဗစ်ရောဂါဂယက်မှာ အများဆုံးထိခိုက်ခဲ့ပြီး အရှုံးနဲ့ ရင်ဆိုင်နေရတာပါ။

လက်ရှိမှာတော့ ဟိုတယ်လုပ်ငန်းတွေ ပြန်ဖွင့်ဖို့ ကြိုးပမ်းနေပေမယ့် နိုင်ငံရေးမတည်ငြိမ်တာနဲ့အတူ ခရီးသွားဝင်ရောက် တည်းခိုးမှုနည်းပါးနေတာကြောင့် ပြန်လည်မဖွင့်နိုင်သေးဘူးလို့ မွန်ပြည်နယ်ဟိုတယ်လုပ်ငန်းရှင်အသင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ပြန်ဖွင့်ဖို့ တိုက်တွန်းကြတာရှိတယ်။ ဒါပေမယ့် ဖွင့်လို့ကိုမရနေတာ။ လာတဲ့ဧည့်သည်တွေ မရှိတဲ့အတွက် ဝင်ငွေရလမ်းမရှိဘဲ လတိုင်းအရှုံးပေါ်နေတာပေါ့” လို့ ဆိုပါတယ်။

အခုလို အခြေအနေတွေကြောင့် ဟိုတယ်တွေဟာ ပြုပြင်ထိန်းသိမ်းရေးစရိတ်တွေနဲ့ အထွေထွေကုန်ကျ စရိတ်တွေကြောင့် လစဉ် အရှုံးပေါ်နေတာ ဖြစ်ပါတယ်။

တဖက်မှာတော့ ပြန်လည် ဖွင့်လှစ်နေတဲ့ ဟိုတယ်တွေမှာ စစ်ကောင်စီက ဧည်စာရင်း ဝင်ရောက်စစ်ဆေးတာနဲ့ ဧည့်စာရင်းတိုင်ဖို့ ညွှန်ကြားချက်တွေကြောင့် အခက်အခဲရှိနေတာဖြစ်ပါတယ်။

ဒါကြောင့် ဟိုတယ်လုပ်ငန်းတွေဟာ နိုင်ငံရေးတည်ငြိမ်မှုမရှိရင် ပြန်လည်ဖွင့်လှစ်နိုင်ဖို့မရှိဘူလို့ ဟိုတယ်လုပ်ငန်းရှင်တစ်ဦးက အခုလိုပြောပါတယ်။

“ဟိုတယ်တွေက ပိတ်ထားရတယ်။ နိုင်ငံရေးတည်ငြိမ်မှုမရှိရင် လူတွေက ခရီးသွားမှာမှ မဟုတ်တာ။ တည်းမယ့်သူ မရှိတော့ ပိတ်ထားရတာပေါ့” လို့ ဆိုကြပါတယ်။

မွန်ပြည်နယ်မှာတော့ စစ်တပ် အာဏသိမ်းတာနဲ့ ကိုဗစ်ကပ်ရောဂါကြောင့် ဟိုတယ်လုပ်ငန်း ၈၀ ရာခိုင်နှုန်းထက်မနည်း လုပ်ငန်းရပ်ဆိုင်းထားတာ ဖြစ်ပါတယ်။

May 9, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့...
May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...
May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...