ဟုမ္မလင်းမြို့ကို Stay at Home အစီအစဉ်မှ ပယ်ဖျက်

ဟုမ္မလင်းမြို့ကို Stay at Home အစီအစဉ်မှ ပယ်ဖျက်

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့ကို covid19  ရောဂါတစ်လအတွင်း ရာနှင့်ချီကူးစက်မှုကြောင့် စစ်ကောင်စီက Stay at Home မြို့အဖြစ် ဇူလိုင်လ (၂) ရက်နေ့က စတင်သတ်မှတ်ခဲ့သည်။

ထိုသတ်မှတ်ထားသည့် Stay at Home အစီအစဉ်ကို ယနေ့အောက်တိုဘာလ (၂၈) ရက်နေ့ကစပြီး ပယ်ဖျက်လိုက်ကြောင်း စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

ဟုမ္မလင်းမြို့တွင် ယနေ့အထိ ကိုဗစ်ကူးစက်သူ စုစုပေါင်း (၁၇၈၀) အထိရှိခဲ့ပြီး (၉၁) ဦးသေဆုံးခဲ့သည်။

ဟုမ္မလင်းမြို့တွင် ကိုဗစ်ရောဂါပိုးသည် စက်တင်ဘာလ မှ အောက်တိုဘာလထိ ကူးစက်သူ (၄၀) ဦးထိသာရှိလာခဲ့ကြောင်း ဟုမ္မလင်းမြို့ကိုဗစ်ကော်မတီ၏ သတင်းထုတ်ပြန်မှုအများအရသိရသည်။

Covid19 ကူးစက်မှုလျှော့ကျလာမှုများကြောင့် စစ်ကောင်စီက တိုင်းဒေသကြီး (၆) ခုနှင့် ပြည်နယ် (၂) ခုမှ မြို့နယ် (၄၄) မြို့ကို ယနေ့ကစပြီး Stay at Home မြို့နယ်များမှ ပယ်ဖျက်ခဲ့ခြင်းဖြစ်သည်။

Most read this week

Photo credit - CJ
December 3, 2025
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့မှာ  မြို့သိမ်းတိုက်ပွဲတွေကြောင့် ထွက်ပြေး...
December 1, 2025
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်အတွင်းမှာ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်...
November 19, 2025
မိုးညှင်းမြို့နယ် နမ္မားမြို့ ရဲစခန်းကို KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက ဒီနေ့ မနက် အစောပိုင်းမှာ...
Photo credit - CJ
November 18, 2025
ဗန်းမောက်မြို့နယ်အတွင်းမှာ စက်သုံးဆီတစ်ပေပါ ကျပ်သိန်း (၃၀) ကျော်အထိစျေးနှုန်းမြင့် တက်နေတယ်လို့...