ဟုမ္မလင်းမြို့ကို Stay at Home အစီအစဉ်မှ ပယ်ဖျက်

ဟုမ္မလင်းမြို့ကို Stay at Home အစီအစဉ်မှ ပယ်ဖျက်

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့ကို covid19  ရောဂါတစ်လအတွင်း ရာနှင့်ချီကူးစက်မှုကြောင့် စစ်ကောင်စီက Stay at Home မြို့အဖြစ် ဇူလိုင်လ (၂) ရက်နေ့က စတင်သတ်မှတ်ခဲ့သည်။

ထိုသတ်မှတ်ထားသည့် Stay at Home အစီအစဉ်ကို ယနေ့အောက်တိုဘာလ (၂၈) ရက်နေ့ကစပြီး ပယ်ဖျက်လိုက်ကြောင်း စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

ဟုမ္မလင်းမြို့တွင် ယနေ့အထိ ကိုဗစ်ကူးစက်သူ စုစုပေါင်း (၁၇၈၀) အထိရှိခဲ့ပြီး (၉၁) ဦးသေဆုံးခဲ့သည်။

ဟုမ္မလင်းမြို့တွင် ကိုဗစ်ရောဂါပိုးသည် စက်တင်ဘာလ မှ အောက်တိုဘာလထိ ကူးစက်သူ (၄၀) ဦးထိသာရှိလာခဲ့ကြောင်း ဟုမ္မလင်းမြို့ကိုဗစ်ကော်မတီ၏ သတင်းထုတ်ပြန်မှုအများအရသိရသည်။

Covid19 ကူးစက်မှုလျှော့ကျလာမှုများကြောင့် စစ်ကောင်စီက တိုင်းဒေသကြီး (၆) ခုနှင့် ပြည်နယ် (၂) ခုမှ မြို့နယ် (၄၄) မြို့ကို ယနေ့ကစပြီး Stay at Home မြို့နယ်များမှ ပယ်ဖျက်ခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...
ဓါတ်ပုံ - (စစ်ရှောင်များ / Crd)
August 28, 2026
ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ဗန်းမော်မြို့ စစ်ဘေးရှောင်များအနက် ထောက်ပံ့ကြေး တစ်ကြိမ်မျှ...
ဓာတ်ပုံ - ရှမ်းနီအသံ
August 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် ဘဏ်ဖွင့်လှစ်နိုင်ခြင်း မရှိသေးသဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ...
August 26, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ်အတွင်းရှိ Starlink (စတားလင့်ခ်) ဝိုင်ဖိုင်စက် အသုံးပြုခများကို...