ဖောင်းပြင်မြို့နယ် ကရားကျေးရွာနှင့် သာစည်ကျေးရွာကြား ချင်းတွင်းမြစ်ကမ်းဘေးတွင် တရားမဝင်ရွှေမျှောများ တူးဖော်ရန် လုပ်ဆောင်မှုများရှိနေဟုဆို

ဖောင်းပြင်မြို့နယ် ကရားကျေးရွာနှင့် သာစည်ကျေးရွာကြား ချင်းတွင်းမြစ်ကမ်းဘေးတွင် တရားမဝင်ရွှေမျှောများ တူးဖော်ရန် လုပ်ဆောင်မှုများရှိနေဟုဆို

စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့နယ်ရှိ ကရားကျေးရွာနှင့် သာစည်ကျေးရွာကြားတွင် ချင်းတွင်းမြစ်ကမ်း ထိန်းသိမ်းပြုပြင်မည်ဟု ခေါင်းစဉ်တပ်ပြီး တရားမဝင် ရွှေမျှောတူးဖော်မှုများပြုလုပ်ရန်အတွက် ပြင်ဆင်မှုများရှိနေသည်ဟု ဒေသခံများက ပြောသည်။

“ကျေးရွာအုပ်ချုပ်ရေးမှုနဲ့ အပေါင်းပါတွေက ရွာနီးလုပ်ရှင်တွေနဲ့   ဆွဲဆောင်ရင်ပါနိုင်လောက်တဲ့ သူတွေကို စည်းရုံးရေးဆင်းနေတယ်။

မြို့နယ်လူတွေနဲ့လည်း ခွင့်ပြုချက်ရထားပြီပြီး  ရွာကလက်မခံလည်းအခွင့်ရေး ဆုံးရှုံးမှာဘဲရှိတယ်လုပ်ကြမှာဆိုပီး လုပ်ဆောင်နေတာ ။အချို့ လုပ်ငန်းရှင်တွေက. အခွင့်ကောင်းကိုစောင့်နေကြတာ  မကြာမှီ အကောင်ထည်ဖော်မယ်ဆိုတာ သိရတယ်“ ဟု ကရားဒေသခံတစ်ဦးက ပြောသည်။

ကမ်းထိန်းနံရံကို လွန်ခဲ့သည့် အစိုးရလက်ထက်က နှစ်အလိုက်ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

လက်ရှိ ကျေးရွာနှစ်ခုကြားတွင် ရွှေမျှောတူးဖော်ရန်  ရွှေမျှောအရေအတွက် ၃၀ နှင့် ၄၀ ကြားတွင်ရှိနေကြာင်းလည်း ၎င်းကဆက်ပြောသည်။

ကရားကျေးရွာ နှင့် သာစည်ကျေးရွာတွင် သမ္မတဦးသိန်းစိန်လက်ထက်က တရားမဝင်ရွှေမျှောတူးဖော်မှုများရှိပြီး ရေလွဲပေါက်များပေါ်ပေါက်ခဲ့ကာ ကရားအုပ်၊ အင်းလယ် စသည့်ကျေးရွာမှ လယ်ယာမြေများ ပျက်စီးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...
ဓါတ်ပုံ - (စစ်ရှောင်များ / Crd)
August 28, 2026
ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ဗန်းမော်မြို့ စစ်ဘေးရှောင်များအနက် ထောက်ပံ့ကြေး တစ်ကြိမ်မျှ...
ဓာတ်ပုံ - ရှမ်းနီအသံ
August 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် ဘဏ်ဖွင့်လှစ်နိုင်ခြင်း မရှိသေးသဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ...
August 26, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ်အတွင်းရှိ Starlink (စတားလင့်ခ်) ဝိုင်ဖိုင်စက် အသုံးပြုခများကို...