စာသင်နှစ်တစ်ဝက်ကျော်မှ ကျောင်းဖွင့်ဖို့ပြင်ဆင်တာဟာ ကလေးတွေ တတ်မြောက်မှုအားနည်းမယ်လို့ ဆရာတွေဝေဖန်

စာသင်နှစ်တစ်ဝက်ကျော်မှ ကျောင်းဖွင့်ဖို့ပြင်ဆင်တာဟာ ကလေးတွေ တတ်မြောက်မှုအားနည်းမယ်လို့ ဆရာတွေဝေဖန်

အခြေခံပညာကျောင်းတွေကို စာသင်နှစ် တဝက်ကျော်မှ ကျောင်းပြန်ဖွင့်ဖို့စီစဉ်တာဟာ စာသင်အချိန် မလောက်တဲ့အတွက်ကြောင့် ကလေးတွေ စာတက်ဖို့ မရှိဘူးလို့ ကျောင်းဆရာ၊ဆရာမတွေက ဝေဖန်လိုက်တာ ဖြစ်ပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ အခြေခံပညာကျောင်းတွေကို လာမယ့် နိုဝင်ဘာလအတွင်း ပြန်လည် ဖွင့်လှစ်နိုင်ဖို့အတွက် ကျောင်းသား၊ ကျောင်းသူတွေကို ကိုဗစ် ကာကွယ်ဆေးတွေ ထိုးပေးနေပြီး ကျောင်းတွေ ပြန်ဖွင့်နိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်တာတွေ လုပ်ဆောင်ကြဖို့ ညွှန်ကြားထားတာ ဖြစ်ပါတယ်။

စာသင်နှစ်တဝက်ကျော်မှ ကျောင်းတွေပြန်ဖွင့်ဖို့ စီစဉ်တာဟာ ကျောင်းသားကျောင်းသူတွေအနေနဲ့ စာတက်ဖို့မရှိသလို မအောင်မနေရစနစ် လုပ်ဆောင်မယ်ဆိုရင် မြန်မာ့ပညာရေးစနစ် ပစ်လိုက်ဖို့ပဲရှိတော့တယ်လို့ ကျောင်းဆရာတစ်ဦးက ဝေဖန်လိုက်တာဖြစ်ပါတယ်။

“ပုံမှန်စာသင်ချိန် နှစ်ဝက် ကျော်ရုံတင်မကဘူး ပုံမှန်စာသင်ချိန်လည်း မသင်ရဘူး ကလေတွေက အဆင်မပြေဘူးလေ၊ ကလေးတွေ တက်မြောက်မှုက သေချာတာပေါ့ ဘာမှမရှိဘူး ဆိုတာ အဲ့တာကတော့ သေချာတာပေါ့၊ ဒါပြီးရင် သူတို့က အောင်ပေး လိုက်မှာပေါ့၊ မအောင်မနေရ စနစ်နဲ့ ဒီလိုပဲ တင်အုံးမှာပေါ့ သူတို့က၊ တက္ကသိုလ်ဝင်တန်းတွေပါ အောင်ပေးလိုက်ရမယ် ဆိုရင် မြန်မာ့ပညာရေးဟာ ပစ်လိုက်ရုံပဲ ရှိတော့မှာပေါ့ဗျာ” လို့ ဆရာတစ်ဦးက ဆိုပါတယ်။

မွန်ပြည်နယ်မှာတော့ ကျောင်းတွေ ပြန်ဖွင့်နိုင်ဖို့အတွက် အသက် ၁၂ နှစ်နဲ့အထက် ကျောင်းသားကျောင်းသူတွေကို ကိုဗစ်ကာကွယ်ဆေး ထိုးပေးနေပြီး အခုအခါ ၈၃ ရာခိုင်နှုန်းကျော် ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးထားတယ်လို့ ဆိုပါတယ်။

အခုအခါမှာတော့ ကျောင်းတွေ ပြန်ဖွင့်ရင် ကျောင်းသူ၊ကျောင်းသားတွေကို သင်ကြားပေးမယ့် စနစ်နဲ့ ပတ်သက်ပြီး သင်ရိုးအဖွဲ့နဲ့ ညှိနှိုင်းနေဆဲ ဖြစ်တယ်လို့ မွန်ပြည်နယ် ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ကျွန်တော်တို့ သင်ရိုးအဖွဲ့ကနေပြီးတော့မှ အခြေခံပညာဦးစီးအဖွဲ့ကနေပြီးတော့မှ သင်ရိုးအဖွဲ့နဲ့ ညှိနှိုင်းနေတော့ သင်ရိုးတွေကို လိုတိုးပိုလျော့ တည်းဖြတ်ပြီးတော့ ဆောင်ရွက်မှာပေါ့၊ ကျွန်တော်တို့ ဆီတော့ မရောက်လာ သေးဘူး၊ ရုံးချုပ်မှာပဲ ဆောင်ရွက်ဆဲ အဆင့်မှာပဲ ရှိတယ်၊ ဆောင်ရွက်ဆဲဆိုတော့ သူတို့ အတည်ပြုဖို့လိုမှာပေါ့” လို့ မွန်ပြည်နယ် ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံမှာတော့ စစ်တပ်အာဏာသိမ်းပြီးနောက် အခြေခံပညာကျောင်းတွေကို မရမက ပြန်လည် ဖွင့်လှစ်ခဲ့တဖြစ်ပြီး၊ ကိုဗစ်တတိယလှိုင်းကြောင့် ဇူလိုင် ၉ ရက်နေ့မှာ ပြန်လည်ပိတ်သိမ်းခဲ့တာဖြစ်ပါတယ်။

မွန်ပြည်နယ်မှာတော့ အခြေခံပညာကျောင်းပေါင်း ၁၅၀၀ ကျော်ရှိနေတာဖြစ်ပြီး အဲဒီစာသင်ကျောင်းတွေမှာ ပညာသင်ကြားနေတဲ့ ကျောင်းသူ၊ကျောင်းသား ၄ သိန်းကျော် ရှိနေတာဖြစ်ပါတယ်။

Most read this week

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...