ကျောက်တော်မြိုနယ် စစ်ဘေးရှောင်စခန်းတစ်ခုမှ (၁၂) နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးအား အဓမ္မပြုကျင့်ရန်ကြံစည်သူ ဖမ်းဆီးခံရ

ကျောက်တော်မြိုနယ် စစ်ဘေးရှောင်စခန်းတစ်ခုမှ (၁၂) နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးအား အဓမ္မပြုကျင့်ရန်ကြံစည်သူ ဖမ်းဆီးခံရ

ကျောက်တော်မြို့နယ်၊ ဝါးတောင်စစ်ဘေးရှောင်စန်းမှ အသက် (၁၂) နှစ်အရွယ် မြိုတိုင်းရင်းသူ အမျိုးသမီးငယ်တစ်ဦးအား အဓမ္မပြုကျင့်ရန် ကြံစည်သူတစ်ဦး ဖမ်းဆီးခံရကြောင်း သတင်းရရှိသည်။

ဖမ်းဆီးခံသူမှာ အသက် ၃၂ နှစ်အရွယ် ဆိုင်ကယ်ဖြင့် ခရီးသွားသူတစ်ဦးဖြစ်သည်။

၎င်းသည် ဝါးတောင် စစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေသည့် ၎င်းမိန်းခလေးငယ်အား လမ်းပြရန် အကူအညီတောင်းပြီး လိုက်ပို့ရာမှ ဆိုင်ကယ်ဖြင့် တင်ယူကာ ကျောက်တော်မြို့ ကံစောက်တောင်ပေါ် တစ်နေရာတွင် အဓမ္မပြုကျင့်ရန် ကြံစည်ခဲ့ခြင်းဖြစ်ကြောင်း ဆွေမျိုးတော်စပ်သူ ကိုဝင်းမောင်က နိရဥ္စရာအား ပြောသည်။

“သူ့မောင်လေးနဲ့ချောင်းမှာ ရေချိုးဖို့ထွက်သွားတာ။ မောင်လေးက ရှေ့က အရင်သွားတော့ သူမကို လမ်းမှာ အဲဒီလူက လမ်းပြပေးဖို့ ခေါ်တယ်လို့ ပြောတယ်။ ပြီးတော့ ဆိုင်ကယ်ပေါ်တင်ပြီး ပါးစပ်ပိတ်ထားတယ်တဲ့။ တောင်ပေါ်ရောက်တော့ ဆိုင်ကယ်ရပ်ပြီး မတရားပြုကျင့်ဖို့လုပ်တယ်လို့ ပြောပါတယ်” ဟုပြောသည်။

အဆိုပါအမျိုးသမီးငယ်၏ ပါးနှစ်ဖက်တွင် ရိုက်နှက်ခံထားရသည့် ဒဏ်ရာများနှင့် အတူ အဝတ်အစားများစုတ်ပြဲနေသော်လည်း သူမမှာ အဓမ္မပြုကျင့်ခံခဲ့ရခြင်းမရှိဟု ၎င်းကပြောသည်။

“လမ်းကဖြတ်သွားတဲ့ ကားနှစ်စီးက ကလေးကို အဲဒီလူလိုက်ဆွဲနေတာတွေ့လို့ ကားရပ်ပြီးကြည့်တော့ ကလေးက ကားသမားဆီပြေးပြီး အကူအညီတောင်းတယ်လို့ဆိုတယ်။ အဲဒီလူက သူ့ညီမလေးပါလို့ ပြောသေးတယ်တဲ့။ ကောင်မလေးက အဲဒီလူကို မသိတဲ့အကြောင်း ရခိုင်စကားမပီတပီနဲ့ပြောလို့ နောက်ဆုံး မြတ်လှဲကားဂိတ်ကို နှစ်ယောက်လုံးကိုခေါ်ပြီး အပ်ထားခဲ့တာပါ။ ကောင်မလေးနဲ့ သူ့မိဘတွေ ဒီနေ့မနက် AA ဆီမှာ အမှုဖြေရှင်းဖို့ သွားကြပါတယ်” ဟု ပြောသည်။

အဆိုပါအခင်းမှာ အောက်တိုဘာ ၂၆ ရက်နေ့ နေ့လယ် ၃ နာရီခန့်က ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

ဝါးတောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိန်ရွှေဘုက အဆိုပါကိစ္စမှာဟုတ်မှန်ပြီး အမျိုးသမီးငယ်မှာ စတုတ္ထတန်းနေသည့် ကျောင်းသူတစ်ဦးဖြစ်ကြောင်း၊ ပြစ်မှုကျူးလွန်ရန် ကြံစည်သူအား လက်ရှိတွင် ရက္ခိုင့်တပ်တော် (AA) မှ ထိန်းသိမ်းထားပြီး အမှုဖြေရှင်းနေကြကြောင်း ပြောကြားသည်။

May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...