မြန်မာစစ်အာဏာသိမ်းမှုအပေါ် တာဝန်ယူမှုရှိစေရန် တိုးမြှင့်လုပ်ဆောင်သွားမည်ဟု ကန်သမ္မတ အမျိုးသားလုံခြုံရေးအကြံပေးပြော

မြန်မာစစ်အာဏာသိမ်းမှုအပေါ် တာဝန်ယူမှုရှိစေရန် တိုးမြှင့်လုပ်ဆောင်သွားမည်ဟု ကန်သမ္မတ အမျိုးသားလုံခြုံရေးအကြံပေးပြော

အာဏာသိမ်း စစ်တပ်၏ ရက်စက်ကြမ်းကြုတ်သော အကြမ်းဖက်မှုအပေါ် စိုးရိမ်ကြောင်းနှင့် စစ်အာဏာသိမ်းမှုအတွက် တာဝန်ယူမှုရှိစေရန် အမေရိကန်နိုင်ငံက ဆက်လက်တိုးမြှင့်လုပ်ဆောင်သွားမည်ဟု သမ္မတ ဂျိုးဘိုင်ဒန်၏ အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်က ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ယာယီသမ္မတ ဒူးဝါးလရှီလ ၊ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် အမေရိကန်သမ္မတ၏ အမျိုးသားလုံခြုံရေးအကြံပေးတို့ ယမန်နေ့ အောက်တိုဘာလ ၂၅ ရက်နေ့က တွေ့ဆုံစဉ် ဂျိတ်ဆူလီဗန်က ထိုသို့ပြောကြားခဲ့ခြင်းဖြစ်ကြောင်း အိမ်ဖြူတော်က သတင်းထုတ်ပြန်ထားသည်။

ယင်းအပြင် ပြီးခဲ့သည့် ရက်ပိုင်းက ဖမ်းဆီးခံလိုက်ရသော ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီကို ပြန်လွှတ်ပေးရန်နှင့် မတရား ဖမ်းဆီးထားသူအားလုံးကို လွှတ်ပေးရန် အမေရိကန်က ဆက်လက် ထောက်ခံပံ့ပိုးသွားမည်ဟုလည်း ကန်သမ္မတဂျိုးဘိုင်ဒန်၏ အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်က ပြောကြားခဲ့သည်။

တွေ့ဆုံရာတွင် အာဆီယံ သဘောတူညီချက် (၅) ချက်အပါအဝင် စစ်ကောင်စီ၏ တာဝန်ယူ၊ တာဝန်ခံမှု နှင့်ပတ်သက်၍ ထိရောက်စွာ ဆောင်ရွက်နိုင်ရေးနှင့် မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ အကြမ်းဖက် ဖမ်းဆီးထိန်းသိမ်းမှုများ ၊ လူသားချင်းစာနာထောက်ထားရေး အကူအညီများ ၊ ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 
 

 

 

May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...