ဒီးမော့ဆို အရှေ့ဖက်ခြမ်းမှ စစ်ရှောင်အမျိုးသမီးတစ်ဦး လမစေ့ မီးဖွားခဲ့ရပြီး ကလေးသေဆုံး

ဒီးမော့ဆို အရှေ့ဖက်ခြမ်းမှ စစ်ရှောင်အမျိုးသမီးတစ်ဦး လမစေ့ မီးဖွားခဲ့ရပြီး ကလေးသေဆုံး

ကရင်နီပြည်နယ် ဒီးမော့ဆို အရှေ့ဖက်ခြမ်းမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး စစ်ရှောင်ရင်း လမစေ့ဘဲ မီးဖွားခဲ့ရပြီး ကလေးသေဆုံးခဲ့တယ်လို့  စစ်ရှောင်ကူညီသူတစ်ဦးထံကနေ သိရပါတယ်။

“အဲ့ဒီအမျိုးသမီးက သူကိုယ်ဝန်ဆောင်တာ ၇ လနီးပါးလောက်ရှိပြီပေါ့နော။ သူက မေလ လကုန်ကတည်း ဒီးမော့ဆိုမှာ တိုက်ပွဲ စဖြစ်ကတည်းက တောတောင်ထဲ ထွက်ပြေးရတဲ့ထဲမှာ သူပါတယ်ပေါ့။ ဟိုပြေးဒီပြေး ဖြစ်တာ တစ်ကဏ္ဍရယ်၊ နောက် ပြေးနေရတဲ့အတွက် စိတ်ပိုင်းဆိုင်ရာအရပေါ့နော။ သူကိုယ်၌က စိတ်ဖိစီးမှုများတာရယ်ပေါ့ ။ အတွေးများတာရယ် နောက် သူကိုယ်၌ကလည်း သွေးအားနည်းမှုရှိတယ်လို့ ကြားတယ်ပေါ့။ ဆိုတော့ သူ့ကလေးက လမပြည့်ဘဲနဲ့ မွေးသွားတာပေါ့။ “ လို့ စစ်ရှောင်ကူညီပေးသူတစ်ဦးက ပြောပါတယ်။

အောက်တိုဘာ ၂၃ ရက်နေ့မှာ  ဒီးမော့ဆို အရှေ့ဖက်ခြမ်း စစ်ရှောင်တွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ နွေဦးဂုရုလေးများ ကျန်းမာရေးစင်တာမှာ မီးဖွားခဲ့ပြီး  ဆေးကုသမှုခံယူနေပါတယ်။ လက်ရှိ သူမမှာ ကိုဗစ် သံသယ လက္ခာဏာရှိပေမယ့် လူနာရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး အခြေအနေကြောင့် မစစ်ပေးရသေးဘူးလို့  ကျန်းမာရေးစင်တာက တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

“သူ ကိုဗစ်သံသယ ပုံစံမျိုးတော့ရှိတယ်။ နောက်ပြီးတော့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုရှိတယ်။ မနေ့ကတောင် တစ်နေကုန်ငိုနေတာ။ ညအထိငိုနေတာသူ။“ လို့ ကျန်းမာရေးစင်တာမှ တာဝန်ရှိသူက ပြောပါတယ်။

စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုရှိနေတဲ့အတွက် စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်မှု လိုအပ်တယ်လို့ ဆိုပါတယ်။

သူမကတော့ အသက် ၂၇ နှစ် ရှိပြဖြစ်ပြီး ၅နှစ်အရွယ် သားလေးတစ်ဦးရှိတယ်လို့ သိရပါတယ်။

တိုက်ပွဲကြောင့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကရင်နီပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများ အိမ်မပြန်နိုင်သေးပဲ ဆေးဝါး၊ စားနပ်ရိက္ခာ အခက်အခဲများ ကြုံနေရဆဲဖြစ်ပါတယ်။

 
 

 

 

(ဓာတ်ပုံ - Crd)
August 19, 2026
ကရင်နီပြည်တွင် သစ်တောပြုန်းတီးမှု ကာကွယ်လျှော့ချနိုင်ရန်အတွက် ထင်းမီးအစားထိုး လောင်စာတောင့်...
ဓာတ်ပုံ - Crd
August 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတွင် Starlink ကုမ္ပဏီ၏ မူဝါဒပြောင်းလဲမှုများကြောင့်...
ဓာတ်ပုံ - Crd
August 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတွင် Starlink ကုမ္ပဏီ၏ မူဝါဒပြောင်းလဲမှုများကြောင့်...
ကရင်နီပြည်တွင်း၌ ရောင်းချနေသည့် စက်သုံးဆီဆိုင်များ။ / Crd
August 18, 2026
ကရင်နီပြည်တွင်းသို့ အနောက်ဘက်ခြမ်း ဝင်ပေါက်များမှတစ်ဆင့် ပြည်တွင်းထွက် ချက်ဆီများ ရောနှောထား...