ဖယ်ခုံနယ်ရှိ စစ်ကောင်စီတပ်များ တပ်စွန့်ခွာကြရန် ဖယ်ခုံ PDF သတိပေး

ဖယ်ခုံနယ်ရှိ စစ်ကောင်စီတပ်များ တပ်စွန့်ခွာကြရန် ဖယ်ခုံ PDF သတိပေး

ရှမ်းပြည်နယ်တောင်ပိုင်း ကရင်နီနယ်စပ်၊ ဖယ်ခုံတပ်နယ်ရှိ အကြမ်းဖက် စစ်ကောင်စီတပ်များဖြစ်တဲ့ စကခ-၇၊ ခမရ-၃၃၆၊ ခမရ-၄၂၁၊ ခမရ-၄၂၂ ဆက်သွယ်ရေးတပ်၊ ဘီအီးတပ်၊ ပစ်ကူပေးတပ်၊ ဆေးဆွယ်တို့မှ စစ်သည်များ၊ ရဲမေ မှီခိုသူများ ပြည်သူဘက်သို့ အမြန်ဆုံး ရပ်တည်ကူးပြောင်းပြီး တပ်တွင်းမှ စွန့်ခွာကြရန် သတိပေးထုတ်ပြန်ချက်ကို အောက်တိုဘာ ၂၄ ရက်နေ့မှာ ဖယ်ခုံ PDF က ၎င်းတို့ရဲ့ လူမှုကွန်ယက်စာမျက်နာမှာ သတိပေး ထုတ်ပြန်ခဲ့ပါတယ်။

ဖယ်ခုံမြို့နယ်အတွင်း ဖယ်ခုံတိုက်ပွဲများ၊ မိုးဗြဲတိုက်ပွဲများအတွင်းမှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ တစ်ရာကျော်ခန့် သေဆုံးခဲ့ပြီးကြောင်း ထုတ်ပြန်စာမှာ ပါရှိပါတယ်။

လက်ရှိအခြေအနေမှာ ဖယ်ခုံမြို့ပေါ်စစ်ရေး အခြေအနေတင်းမာလျှက်ရှိနေပြီး တိုက်ပွဲများ အချိန်မရွေးဖြစ်ပွားလာနိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်။

ယင်းသို့သောအချိန်မှာ စစ်ကောင်စီဘက်မှာ ရပ်တည်လျှက်ရှိတဲ့ တပ်ဖွဲ့ဝင်များအနေဖြင့် အဘက်ဘက်မှ အန္တရာယ်များ ပတ်လည်ဝိုင်းလျှက် ရှိနေတဲ့အပြင် တပ်တွင်းရှိ မိမိတို့ရဲ့ပတ်ဝန်းကျင်အနီးရှိသူများကပါ အချိန်မရွေး အန္တရာယ်ပေးလာနိုင်တဲ့အတွက် ပြည်သူဘက်သို့ရပ်တည်လိုတဲ့ အရာရှိ ၊ အရာခံ ၊ အကြပ် စစ်သည်များ၊ ရဲမေများ၊ မှီခိုသူသားသမီးများအနေဖြင့် မိမိတို့တပ်ကို အမြန်ဆုံးစွန့်ခွာပြီး ပြည်သူ့ရင်ခွင်ခိုလှုံကြဖို့ ထည့်သွင်းရေးသားထားပါတယ်။

ဖယ်ခုံPDF အနေဖြင့် ပြည်သူထံ ခိုလှုံရောက်ရှိလာတဲ့ ပြည်သူ့စစ်သားများရဲ့ လုံခြုံရေး၊ စားသောက်နေထိုင်ရေးများကို အပြည့်အဝတာဝန်ယူမဲ့အပြင် သေနတ်ယူဆောင်လာနိုင်တဲ့ ရဲဘော်များကိုလည်း သိန်း-၅၀ ကျပ် အထိ ဆုချီးမြင့်မည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားပါတယ်။

(ဓာတ်ပုံ - Crd)
August 19, 2026
ကရင်နီပြည်တွင် သစ်တောပြုန်းတီးမှု ကာကွယ်လျှော့ချနိုင်ရန်အတွက် ထင်းမီးအစားထိုး လောင်စာတောင့်...
ဓာတ်ပုံ - Crd
August 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတွင် Starlink ကုမ္ပဏီ၏ မူဝါဒပြောင်းလဲမှုများကြောင့်...
ဓာတ်ပုံ - Crd
August 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတွင် Starlink ကုမ္ပဏီ၏ မူဝါဒပြောင်းလဲမှုများကြောင့်...
ကရင်နီပြည်တွင်း၌ ရောင်းချနေသည့် စက်သုံးဆီဆိုင်များ။ / Crd
August 18, 2026
ကရင်နီပြည်တွင်းသို့ အနောက်ဘက်ခြမ်း ဝင်ပေါက်များမှတစ်ဆင့် ပြည်တွင်းထွက် ချက်ဆီများ ရောနှောထား...