စင်္ကာပူနိုင်ငံသူ Noeleen Heyzer မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်သစ်အဖြစ် ခန့်အပ်ခံရ

စင်္ကာပူနိုင်ငံသူ Noeleen Heyzer မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်သစ်အဖြစ် ခန့်အပ်ခံရ

စင်္ကာပူနိုင်ငံသူ Noeleen Heyzer ကို မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်သစ်အဖြစ်  ခန့်အပ်လိုက်ကြောင်း သတင်းရရှိသည်။

သူမအား ခန့်အပ်လိုက်ကြောင်းကို ကုလ အတွင်းရေးမှုးချုပ် António Guterres အန်တိုနီယို ဂူတာရက်စ်က အောက်တိုဘလ ၂၅ ရက် တနင်္လာနေ့၌  ကြေညာချက် ထုတ်ပြန်ခဲ့သည်။  

ယခင် မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်အဖြစ်  ဆောင်ရွက်ခဲ့သည့် ဆွစ်ဇလန်နိုင်ငံသူ Christine Schraner Burgener တာဝန် ကုန်ဆုံးသွားခဲ့ပြီဖြစ်သဖြင့် သူမ၏ နေရာတွင်  Noeleen Heyzer ကို အစားထိုးခန့်အပ်ခြင်း ဖြစ်ကြောင်း သိရသည်။  

သူမသည် စင်္ကာပူတက္ကသိုလ် Lee Kuan Yew မူဝါဒရေးရာကျောင်းနှင့်  စင်္ကာပူ Rajaratnam (S. Rajaratnam School of International Studies) နိုင်ငံတကာရေးရာကျောင်းများ၏ အုပ်ချုပ်ရေးဘုတ်အဖွဲ့ဝင်လည်း ဖြစ်ပြီး  စင်္ကာပူတက္ကသိုလ်က BA နှင့် MSc ဘွဲ့များ အပြင်  Cambridge တက္ကသိုလ် က လူမှုသိပ္ပံဆိုင်ရာ ပါရဂူဘွဲ့ တွေရထားသူ တဦးလည်း ဖြစ်ကြောင်း သိရသည်။

၎င်းပြင် သူမသည်  ၂၀၁၃ ကနေ ၂၀၁၅ အတွင်း Timor-Leste ဆိုင်ရာ ကုလသမဂ္ဂအတွင်ေးရးမှုးချုပ်ရဲ့ အထူးအကြံပေးအဖြစ် ဆောင်ရွက်ခဲ့သလို ၁၉၉၄ ခုနှစ်ကနေ ၂၀၀၇ ခုနှစ်အထိ ကုလသမဂ္ဂ UNIFEM အမှုဆောင်အကြီးအကဲအဖြစ် ဆောင်ရွက်ခဲ့သည်ဟု သိရသည်။

 
 

 

 

August 1, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ရွှေလှေကျေးရွာကို စစ်တပ်က လေကြောင်းမှ...
July 31, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ စစ်တပ်ထံ လက်နက်ချအလင်းဝင်သည့် ဖြစ်စဉ်မျိုး...
July 30, 2026
ရခိုင်-မကွေးရိုးပေါ်မှ တစ်ဆင့် နတ်ရေကန်စစ်မျက်နှာသို့ အင်အားဖြည့်တင်းရန် ရောက်ရှိလာခဲ့သော စစ်ကား...
July 27, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အကြား ရိုးတောင်ကျော်လမ်းပေါ်တွင်...