ရခိုင်တွင် ကျောင်းသား ၁ သိန်း ၃ သောင်းကျော်ကို ကိုဗစ်ကာကွယ်ဆေး ထိုးပေးထားပြီးဖြစ်၊ ဆေးထိုးရန်ကျန်နေမှုတွင် ကိုယ်ပိုင်ကျောင်းများလည်းပါဝင်

ရခိုင်တွင် ကျောင်းသား ၁ သိန်း ၃ သောင်းကျော်ကို ကိုဗစ်ကာကွယ်ဆေး ထိုးပေးထားပြီးဖြစ်၊ ဆေးထိုးရန်ကျန်နေမှုတွင် ကိုယ်ပိုင်ကျောင်းများလည်းပါဝင်

ရခိုင်ပြည်နယ်တွင် ကျောင်းသား၊ ကျောင်းသူပေါင်း ၁ သိန်း ၃ သောင်းကျော်ကို ကိုဗစ်ကာကွယ်ဆေး ထိုးပေးထားပြီဖြစ်ပြီး ဆေးထိုးရန်ကျန်နေသေးမှုတွင် ကိုယ်ပိုင်ကျောင်းများလည်း ပါဝင်သည်ဟု သိရသည်။

အောက်တိုဘာလ ၁၇ ရက်မှ အောက်တိုဘာ ၂၄ ရက်အထိ စာရင်းဖြစ်သည်ဟု အသက် ၁၂ နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၃၃၁၈၄ ဦးကို ကာကွယ်ဆေးထိုးထားပြီးဖြစ်သည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါက်တာစိုးဝင်းပိုင်က ပြောသည်။

ဆေးထိုးရန်ကျန်ရှိနေသေးသည့်ကျောင်းများတွင် ရခိုင်ရှိ ကိုယ်ပိုင်အထက်တန်းကျောင်းများမှ အလယ်တန်းနှင့်အထက်တန်းကျောင်းသူ၊ ကျောင်းသားများ ပါဝင်ပြီး မည်သည့်နေ့တွင် ထိုးရမည်ဆိုသည်ကို အတိအကျမသိသေးဟု ရခိုင်ပြည်နယ် ကိုယ်ပိုင်အထက်တန်းကျောင်းအသင်းဥက္ကဋ္ဌဖြစ်သူ စစ်တွေမြို့မှ ပန်းပျိုးလက်ကိုယ်ပိုင်ကျောင်း ကျောင်းအုပ်ဆရာကြီး ဦးအောင်ကျော်ညွှန့်က ပြောသည်။

“ဒီလ ၂၈ ရက်နောက်ပိုင်းမှ ထိုးမယ်လို့ မြို့နယ်ပညာရေးမှူးရုံးက အကြောင်းကြားတယ်။ အတိအကျနေ့တော့ မသိသေးဘူး” ဟု ပြောသည်။

ကိုယ်ပိုင်ပညာအထက်တန်းကျောင်းများတွင် ဆေးထိုးမည့်ရက်နောက်ကျနေခြင်းမှာ ကာကွယ်ဆေးမရောက်၍မဟုတ်ဘဲ အုပ်ချုပ်ရေးပိုင်းစီမံခန့်ခွဲမှုကိစ္စကြောင့်သာဖြစ်နိုင်သည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါက်တာစိုးဝင်းပိုင်က ပြောသည်။

“ကာကွယ်ဆေးတွေကတော့ ရောက်ပြီးပြီ။ မြို့နယ်မှာ အုပ်ချုပ်စီမံကိစ္စတွေကြောင့်ပဲ ဖြစ်မှာပါ” ဟု ဒေါက်တာစိုးဝင်းပိုင်ကပြောသည်။

ရခိုင်မှ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၁ သိန်း ၈ သောင်းခန့်အထိကို Sinovac အမျိုးအစား ကိုဗစ်ကာကွယ်ဆေးအား အောက်တိုဘာလ ၁၇ ရက်မှစတင်ထိုးပေးနေခြင်းဖြစ်သည်။

ကိုဗစ်တတိယလှိုင်းအတွင်း ရောဂါဖြစ်ပွားမှုပြင်းထန်လာခဲ့သည့်အတွက် လက်ရှိတွင် တစ်နိုင်ငံလုံးရှိ အခြေခံပညာစာသင်ကျောင်းများကို ဇူလိုင်လ ၉ ရက်မှစတင်ကာ အောက်တိုဘာ ၃၁ ရက်အထိ ယာယီပိတ်ထားရသည်။

လက်ရှိတွင် ရခိုင်အပါအဝင် တစ်နိုင်ငံလုံးရှိ အသက် ၁၂ နှစ်အထက် အလယ်တန်းနှင့် အထက်တန်းအဆင့်ကျောင်းသူ၊ ကျောင်းသား ၁ သန်းခန့်ကို ကိုဗစ်ကာကွယ်ဆေးထိုးပေးနေပြီဖြစ်ပြီး ဆေးများထိုးနှံပြီးပါက နိုဝင်ဘာလအတွင်း အခြေခံပညာစာသင်ကျောင်းများကို ပြန်လည်ဖွင့်လှစ်သွားမည်ဟု နစကကောင်စီက ထုတ်ပြန်ထားသည်။

 

 
 

 

 

August 1, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ရွှေလှေကျေးရွာကို စစ်တပ်က လေကြောင်းမှ...
July 31, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ စစ်တပ်ထံ လက်နက်ချအလင်းဝင်သည့် ဖြစ်စဉ်မျိုး...
July 30, 2026
ရခိုင်-မကွေးရိုးပေါ်မှ တစ်ဆင့် နတ်ရေကန်စစ်မျက်နှာသို့ အင်အားဖြည့်တင်းရန် ရောက်ရှိလာခဲ့သော စစ်ကား...
July 27, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အကြား ရိုးတောင်ကျော်လမ်းပေါ်တွင်...