သထုံမှာ USDP ပါတီဝင်တစ်ဦး ထပ်မံပစ်သတ်ခံရ

သထုံမှာ USDP ပါတီဝင်တစ်ဦး ထပ်မံပစ်သတ်ခံရ

သထုံမြို့နယ်၊ ထောင်မှူးကျေးရွာအုပ်စု၊ ကြာပန်းကျေးရွာ တာယာစက်ရုံအနီး ထူးစားသောက်ဆိုင်မှာ အောက်တိုဘာလ ၂၅ ရက်နေ့ ညနေပိုင်းက USDP ပါတီဝင်တစ်ဦး သေနတ်နဲ့ပစ်သတ်ခံရတယ်လို့ သိရပါတယ်။

သေဆုံးသူမှာ သားဖိုး အသက် ၄၀ ဝန်းကျင်ခန့် ထောင်မှူးကျေးရွာ USDP ပါတီက ရပ်ကျေးလူငယ်အဖွဲ့ဝင်တစ်ဦး ဖြစ်တယ်လို့ သိရပါတယ်။

ယနေ့ညနေ ၆ နာရီဝန်းကျင်ခန့်မှာ သားဖိုးနဲ့၎င်းရဲ့အဖော် ၃ ဦးတို့ဟာ ထူးစားသောက်ဆိုင်မှာ စားသောက်နေစဉ် လူတစ်ဦးမှ ဆိုင်ထဲဝင်လာပြီး သေနတ်နဲ့ပစ်ခတ်သွားတယ်လို့ သိရပါတယ်။

"သူက ခုဖြစ်တဲ့ဆိုင်ရဲ့ ရှေ့လမ်းအကျော်လေးမှာဘဲ နေတယ်လို့ သိရတယ်။ သေနတ်ပစ်ခံရပြီး သေတယ်လို့တော့ သိရတယ်။ သူအဖော်တွေနဲ့စားသောက်နေတုန်း ပစ်ခံရတာ" လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။

သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် သားဖိုးမှာ ဦးခေါင်းကျည်ထိဒဏ်ရာရရှိပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။

သားဖိုး သေနတ်နဲ့ပစ်သတ်ခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာကာ ဆိုင်နဲ့အနီးဝန်းကျင်ကို စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီသတင်းပေး ဒလန် သားဖိုးနဲ့အပေါင်းအပါ ၃ ဦးကို ထူးဘီယာစားသောက်ဆိုင်မှာ စားသောက်နေစဉ် သထုံမြို့ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့သထုံမြို့ပြ အထူးစစ်ဆင်ရေးတပ်ဖွဲ့တို့ ပူးပေါင်းကာ ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သထုံမြို့ပြ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

အောက်တိုဘာလ ၂၁ ရက်နေ့ကလည်း သထုံမြို့နယ်၊ ပေါ်တော်မူကျေးရွာ မင်းလမ်းရှိ USDP ပါတီဝင် ဦးကျော်ဦးကို အမည်မသိသေနတ်သမားတွေက ၎င်းရဲ့အိမ်ဆိုင်မှာ သေနတ်နဲ့လာရောက်ပစ်ခတ်လို့ သေဆုံးသွားတယ်လို့ သိရပါတယ်။

 
 

 

 

May 9, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့...
May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...
May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...