ကျိုက်ထိုမြို့နယ်မှာ NON-CDM ကျန်းမာရေးဝန်ထမ်းတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရ

ကျိုက်ထိုမြို့နယ်မှာ NON-CDM ကျန်းမာရေးဝန်ထမ်းတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရ

ကျိုက်ထိုမြို့နယ်၊ သုံးခွကျေးရွာအုပ်စု၊ ဝါးဒက်ကွင်း ရွာသစ်လမ်းမှာ အောက်တိုဘာလ ၂၅ ရက်နေ့ ညနေပိုင်းက NON-CDM ကျန်းမာရေးဝန်ထမ်းတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရတယ်လို့ သိရပါတယ်။

ယမန်နေ့ ညနေ ၅ နာရီခန့်မှာ ဝါးဒက်ကွင်း ၂ လမ်းနေ ကျန်းမာရေးမှူး ဦးအောင်မြတ်ထွန်းနေအိမ်ကို အမည်မသိ လူနှစ်ဦးက ဆိုင်ကယ်နဲ့ရောက်ရှိလာပြီး သေနတ်နဲ့ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

"သူက အရင်က CDM လုပ်ထားတဲ့ဝန်ထမ်း။ နောက်မှ NON-CDM ပြန်ဝင်သွားတာ။ သူနေတဲ့နေရာမှာ လာဝင်ပစ်သွားတာ။ ဗိုက်တွေ တင်ပါးတွေ ထိတယ်။ မော်လမြိုင် တင်သွားရတယ်''လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် ဦးအောင်မြတ်ထွန်းမှာ ဝမ်းဗိုက်၊ တင်ပါးတို့မှာ သေနတ်ဒဏ်ရာ ၆ ချက်ရရှိပြီး မော်လမြိုင်ဆေးရုံသို့ တင်ပို့ကုသစဉ် သေဆုံးသွားတယ် သတင်းတွေထွက်ပေါ်နေပေမယ့် အတည်ပြုနိုင်ဖို့ စုံစမ်းနေပါတယ်။

ပစ်ခတ်မှုအပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာပြီး အနီးအနားနေ ပြည်သူတွေကို စစ်ဆေးမေးမြန်းမှုတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ည ၇ နာရီကျော်ခန့်မှာ မုပ္ပလင်လမ်းဆုံ အေးဘုရားအနီး ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကာ ထိခိုက်သေဆုံးမှုမရှိဘူးလို့လည်း သိရပါတယ်။

 
 

 

 

Most read this week

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...