ကျိုက်ထိုမြို့နယ်မှာ NON-CDM ကျန်းမာရေးဝန်ထမ်းတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရ

ကျိုက်ထိုမြို့နယ်မှာ NON-CDM ကျန်းမာရေးဝန်ထမ်းတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရ

ကျိုက်ထိုမြို့နယ်၊ သုံးခွကျေးရွာအုပ်စု၊ ဝါးဒက်ကွင်း ရွာသစ်လမ်းမှာ အောက်တိုဘာလ ၂၅ ရက်နေ့ ညနေပိုင်းက NON-CDM ကျန်းမာရေးဝန်ထမ်းတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရတယ်လို့ သိရပါတယ်။

ယမန်နေ့ ညနေ ၅ နာရီခန့်မှာ ဝါးဒက်ကွင်း ၂ လမ်းနေ ကျန်းမာရေးမှူး ဦးအောင်မြတ်ထွန်းနေအိမ်ကို အမည်မသိ လူနှစ်ဦးက ဆိုင်ကယ်နဲ့ရောက်ရှိလာပြီး သေနတ်နဲ့ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

"သူက အရင်က CDM လုပ်ထားတဲ့ဝန်ထမ်း။ နောက်မှ NON-CDM ပြန်ဝင်သွားတာ။ သူနေတဲ့နေရာမှာ လာဝင်ပစ်သွားတာ။ ဗိုက်တွေ တင်ပါးတွေ ထိတယ်။ မော်လမြိုင် တင်သွားရတယ်''လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် ဦးအောင်မြတ်ထွန်းမှာ ဝမ်းဗိုက်၊ တင်ပါးတို့မှာ သေနတ်ဒဏ်ရာ ၆ ချက်ရရှိပြီး မော်လမြိုင်ဆေးရုံသို့ တင်ပို့ကုသစဉ် သေဆုံးသွားတယ် သတင်းတွေထွက်ပေါ်နေပေမယ့် အတည်ပြုနိုင်ဖို့ စုံစမ်းနေပါတယ်။

ပစ်ခတ်မှုအပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာပြီး အနီးအနားနေ ပြည်သူတွေကို စစ်ဆေးမေးမြန်းမှုတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ည ၇ နာရီကျော်ခန့်မှာ မုပ္ပလင်လမ်းဆုံ အေးဘုရားအနီး ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကာ ထိခိုက်သေဆုံးမှုမရှိဘူးလို့လည်း သိရပါတယ်။

 
 

 

 

July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...
July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...