၈၈ မျိုးဆက် ဦးဂျင်မီ ဖမ်းခံရ

၈၈ မျိုးဆက် ဦးဂျင်မီ ဖမ်းခံရ

၈၈ ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးဂျင်မီ မြောက်ဒဂုံမြို့နယ်အတွင်း ဖမ်းဆီးခံလိုက်ရသည်ဟု ၎င်း၏ဇနီးဖြစ်သူ ဒေါ်နီလာသိန်း က လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

အောက်တိုဘာ ၂၃ ရက်နေ့၊ ညပိုင်းက မြောက်ဒဂုံမြို့နယ်အတွင်း ဦးဂျင်မီကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ရေးသားထားသည်။

“၂၃-၁၀-၂၁ ရက် ညပိုင်းမှာ မြောက်ဒဂုံမှာ ကိုဂျင်မီကို စကစတွေ ဖမ်းဆီးသွားပါတယ်။ အသက်အန္တရာယ်ကို စိုးရိမ်ပါတယ်။ စကစ ဖမ်းဆီးမှုနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ အခြေအနေအားလုံးကို တာဝန်ယူဖြေရှင်းရမယ်” ဟု ဒေါ်နီလာသိန်းက သူမ၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

စစ်ကောင်စီက ဦးဂျင်မီကို ဖမ်းဆီးသွားချိန် အသက်အန္တရာယ်စိုးရိမ်ရသည့် အနေအထားရှိပြီး ဖမ်းဆီးမှုနောက်ပိုင်း ဖြစ်ပေါ်လာသည့် အခြေအနေအားလုံးကို စစ်ကောင်စီက တာဝန်ယူဖြေရှင်းရမည်ဟုလည်း ဦးဂျင်မီ၏ ဇနီးက ထည့်သွင်းရေးသားထားသည်။

ဖမ်းဆီးခံခဲ့ရသည့် ဦးဂျင်မီသည် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်ပြီး ပုဒ်မ ၅၀၅-ခ ဖြင့် စစ်ကောင်စီ၏ အမှုဖွင့်ခြင်းကို ခံထားရသူဖြစ်သည်။

February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...
February 4, 2026
ကချင်ပြည်အတွင်းရှိ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်း-အင်းတော်ကြီးဒေသတို့တွင် KIA...