အာဆီယံထိပ်သီးအစည်းအဝေးကို မြန်မာစစ်ခေါင်းဆောင် တက်ခွင့်ရသင့်ကြောင်း စစ်ကောင်စီထုတ်ပြန်

အာဆီယံထိပ်သီးအစည်းအဝေးကို မြန်မာစစ်ခေါင်းဆောင် တက်ခွင့်ရသင့်ကြောင်း စစ်ကောင်စီထုတ်ပြန်

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အွန်လိုင်းအထူးအစည်းအဝေးအပြီး မြန်မာစစ်ခေါင်းဆောင်အား အာဆီယံထိပ်သီးအစည်းအဝေးများနှင့် ဆက်စပ်အစည်းအ‌ဝေးများသို့ တက်‌ရောက်ခွင့်မပြုရန် ဆုံးဖြတ်ချက်အပေါ် မြန်မာစစ်ခေါင်းဆောင်အနေဖြင့် ယင်းအစည်းအဝေးသို့ တက်ခွင့် အပြည့်အဝရှိကြောင်း စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာ ၂၂ ရက် ညက ထုတ်ပြန်လိုက်သည်။

အာဆီယံပဋိညာဉ်စာတမ်း အပိုဒ် (၅) အရ အဖွဲ့ဝင်နိုင်ငံများ အားလုံးသည် တန်းတူရည်တူရှိကြောင်းနှင့် အပိုဒ် (၇) (၁) အရ အာဆီယံထိပ်သီးအစည်းအဝေးများကို နိုင်ငံအကြီးအကဲ သို့မဟုတ် အစိုးရအဖွဲ့ အကြီးအကဲများဖြင့် ပါဝင်ဖွဲ့စည်းရမည်ဟု ပြဌာန်းထားသောကြောင့် "မြန်မာနိုင်ငံအနေဖြင့် နိုင်ငံအကြီးအကဲမှ အာဆီယံထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရမည့် အခွင့်အရေးများကို အပြည့်အဝရပိုင်ခွင့်ရှိပါသည်" ဟု ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

အောက်တိုဘာ ၁၅ ရက်က ပြုလုပ်ခဲ့သည့် နိုင်ငံခြားရေးဝန်ကြီးများ၏ အစည်းအဝေးတွင် ဖိတ်ကြားရန် မဖတ်ကြားရန် တူညီဆန္ဒမရှိခဲ့သည့်အတွက် အာဆီယံပဋိညာဉ် ပြဋ္ဌာန်းချက်နှင့် မကိုက်ညီဘဲ ဆုံးဖြတ်ခြင်းဖြစ်ကြောင်း စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက အာဆီယံကို အပြစ်တင်လိုက်သည်။

"အာဆီယံ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီသည် ဖိတ်ကြားရေး ကိစ္စအပါအဝင် အာဆီယံထိပ်သီးအစည်းအဝေးကိစ္စများကို ပြင်ဆင်လုပ်ကိုင် ဆောင်ရွက်ရမည်ဟု ဖော်ပြထားပြီး၊ အာဆီယံနိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးတွင် ဆောင်ရွက်ရမည့် ကိစ္စမဟုတ်ပါ။"ဟု ဆိုထားပြီး ယခုသို့ ဆွေးနွေးဆုံးဖြတ်ခြင်းက လုပ်ထုံးလုပ်နည်းနှင့်မညီကြောင်း စစ်ကောင်စီက ဆိုသည်။

အာဆီယံအလှည့်ကျဥက္ကဌ၏ ယခု ဆွေးနွေးဆုံးဖြတ်ချက်အပေါ် "မြန်မာနိုင်ငံအနေဖြင့် လိုက်နာဆောင်ရွက်ရန် ခက်ခဲပါကြောင်း" ပြောကြားလိုက်သည်။

ယင်းအပြင် ထိုအစည်းအဝေးသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို အကြောင်းပြုခေါ်သည့် အစည်းအဝေးဖြစ်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို လေးစားရန် စစ်ကောင်စီက ပြောကြားလိုက်ပြီး "ပြည်တွင်းရေးမစွက်ဖက်ရန်" အပြင်းအထန် ကန့်ကွက်ထားသည်။

စစ်ကောင်စီအနေဖြင့် အာဆီယံနှင့် စေ့စပ်ဆွေးနွေးရေးမှု နည်းလမ်းများဖြင့် ကြိုးပမ်းသွားမည်ဟုလည်းဆိုသည်။

မြန်မာနိုင်ငံကိစ္စနှင့် တ်သက်ပြီး အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို ဖော်ဆောင်ရန် စစ်ကောင်စီက ပျက်ကွက်ခဲ့သည့်အပြင် အာဆီယံအထူးကိုယ်စားလှယ်၏ ခရီးစဉ်အတွင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ််အောင်ဆန်းစုကြည်အပါအဝင် တွေ့သင့်တွေ့ထိုက်သူများကို တွေ့ခွင့် တောင်းဆိုမှုကိုလည်း စစ်ကောင်စီဘက်က ပယ်ဖျက်ခဲ့သည်။ ထို့ကြောင့် အာဆီယံအထူးကိုယ်လှယ်၏ မြန်မာနိုင်ငံခရီးစဉ် ပျက်သွားခဲ့ခြင်းဖြစ်ပြီး ခရီးစဉ်ပျက်ပြီးနောက်ပိုင်း မြန်မာနိုင်ငံနှင့်ပတ်သက်သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အရေးပေါ် အစည်းအဝေးတစ်ရပ်ကို ပြီးခဲ့သည့် အောက်တိုဘာ ၁၅ ရက်က ကျင်းပခဲ့ခြင်းဖြစ်သည်။

ထိုအစည်းအဝေးဆုံးဖြတ်ချက်အရ မြန်မာစစ်ခေါင်းဆောင်နှင့်အဖွဲ့သည် လာမည့် အောက်တိုဘာ ၂၆ ရက်မှ ၂၈ ရက်အထိ ကျင်းပမည့် အာဆီယံခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခွင့်ရမည်မဟုတ်ဘဲ နိုင်ငံရေးနယ်ပယ်မှမဟုတ်သည့် ကိုယ်စားပြုသူတစ်ဦးကိုသာ ထိုအစည်းအဝေးသို့ ဖိတ်ကြားမည်ဖြစ်သည်။

Most read this week

ရုရှားနိုင်ငံထုတ် စစ်ကော်မရှင်၏တိုက်လေယာဉ်အသစ်များကို အာဏာသိမ်းပြီးကာလမှာ တွေ့ရစဉ်(ပုံအဟောင်း-AFP)
March 17, 2026
ဓာတု — မန္တလေးတိုင်း၊ မြင်းခြံခရိုင်ရှိ မြင်းခြံနှင့်နွားထိုးကြီးမြို့နယ်တို့တွင် နှစ်လတာအတွင်း...
ဓာတ်ပုံ - ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်အဖွဲ့ဝင် သုံးဖွဲ့မှ တပ်သားများကို အတူတကွ တွေ့ရစဥ် ။
March 16, 2026
မောင်ခက်နွေ — ညီနောင်မဟာမိတ် အဖွဲ့ဝင်များ ဖြစ်သည့် MNDAA နှင့် TNLA တို့အကြား ဖြစ်ပွားနေသည့်...
March 14, 2026
စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်မှ ၁၀ ရက်အတွင်း  ညောင်လေးပင်မြို့နယ်၌ ကျူးလွန်ခဲ့သည့်...
March 13, 2026
ပါခွီး — ပဲခူးတိုင်း ၊ တောင်ငူမြို့ အခြေစိုက် ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံး ၁၈လုံးဖြင့် ပစ်ခတ်...