ကျောက်ဆည်မြို့နယ်အတွင်း စစ်ကောင်စီတပ်များ ထောက်ပို့လုပ်လေ့ရှိသည့် ရထားလမ်း ဖောက်ခွဲခံရ

ကျောက်ဆည်မြို့နယ်အတွင်း စစ်ကောင်စီတပ်များ ထောက်ပို့လုပ်လေ့ရှိသည့် ရထားလမ်း ဖောက်ခွဲခံရ

စစ်ကောင်စီတပ်များက စစ်ကိုင်းတိုင်းဘက်သို့ ထောက်ပို့လမ်းကြောင်းအဖြစ် အသုံးပြုနေသည့် မန္တလေးတိုင်း၊ ကျောက်ဆည်မြို့၊ ထနောင်းပင်လှ ရွာ၏ အနောက်တောင်ဘက်ရှိ ရထားလမ်းအား အောက်တိုဘာလ ၂၀ ရက်ညနေ ၆ နာရီ ၃၇ မိနစ်အချိန်တွင် ဖောက်ခွဲဖျက်စီးခဲ့ကြောင်း Black Wolf - People Defence Force အဖွဲ့က မဇ္ဈိမကို ပြောသည်။

"သူတို့က အဲ့ဒီ့လမ်းကိုသုံးပြီး စစ်ကိုင်းတိုင်းအတွက်အဓိက ထောက်ပို့လုပ်နေတာပေါ့နော် လူအင်အားရော ရိက္ခာပိုင်းအတွက်ရောပေါ့၊ ရှေ့လတွေတုန်းကတော့ ကားလမ်းကို အသုံးပြုတာတွေ တွေ့ထားတယ်။ အခုနောက်ပိုင်းကျတော့ ကားလမ်းနဲ့လုပ်တာကိုမတွေ့လို့ Solve out (အဖြေရှာ) လုပ်ကြည့်လိုက်တော့ ရထားလမ်းကို အသုံးပြုနေတာသိရလို့ ရထားလမ်းကို ဖောက်ခွဲဖြစ်တာ" ဟု Black Wolf - People Defence Force အဖွဲ့မှ တာဝန်ရှိသူက ရှင်းပြသည်။

အဆိုပါ ရထားလမ်းဖောက်ခွဲမှုကို ကျောက်ကွင်းသုံး လက်လက်မိုင်းနှစ်လုံးဖြင့် ချိန်ကိုက်ဖောက်ခွဲခဲ့ပြီး ရထားလမ်းပေါ်ရှိ တံတားနေရာကို ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

"ကျွန်တော်တို့ဖောက်ခွဲပြီးတော့ မနက်ရောက်တော့ တစ်ချက်သွားပြန်ကြည့်တယ် သူတို့က အာ့နေရာမှာ တပ်ဆွဲပီးစောင့်နေတာ။ အင်အား ၅၀ လောက်ရှိတယ်။ သူတို့က ကရိန်းတွေဘာတွေနဲ့ ဘယ်သူမှ ဝင်လို့မရအောင် တားထားကြတယ်။ အာ့လိုတွေလုပ်ထားကြလို့ ပျက်စီးမှုကို ခန့်မှန်းလို့မရဘူးဗျ" ဟု ၎င်းက ပြောသည်။

အဆိုပါဖောက်ခွဲမှုကို မန္တလေး PDF၊ Black Wolf PDF အဖွဲ့နှင့် MGN Tiger အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

 
 

 

 

Most read this week

ဓာတ်ပုံ - (စစ်ကိုင်းတိုင်းရှိ တောင်သူတစ်ဦး လယ်ထွန်ယက်နေစဉ် / MDN.gov)
August 26, 2026
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်များတွင်...
ဓာတ်ပုံ – (တမူး - ကလေးလမ်းပိုင်းတိုက်ပွဲအတွင်း ပျက်စီးသွားသည့် နန်မွန်းတားတံတား ပြုပြင်နေစဉ်/ Crd)
August 26, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ သွား...
ဓာတ်ပုံ - Thingsai Tlaizawng / မီဇိုရမ်ပြည်နယ်အတွင်း ဖမ်းဆီးရမိသည့် လက်နက်ခဲယမ်းများ
August 25, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ရက်ပိုင်းခြား၍ မြန်မာနိုင်ငံမှ သယ်ဆောင်လာသည်ဟု ယူဆရသော သေနတ်...
August 24, 2026
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် မုံရွာခရိုင် ၅+၁ တပ်ဖွဲ့ဝင် နှစ်ဦးနှင့်...