ရွှေဘိုတွင် PDF ဟုစွပ်စွဲကာ ဖမ်းဆီးခံရသူ ၁၆ ဦးမှာ PDF မဟုတ်ဟု ဒေသခံများကပြော

ရွှေဘိုတွင် PDF ဟုစွပ်စွဲကာ ဖမ်းဆီးခံရသူ ၁၆ ဦးမှာ PDF မဟုတ်ဟု ဒေသခံများကပြော

ရွှေဘိုမြို့တွင် ကာကွယ်ရေးတပ် PDF ဟုစွပ်စွဲကာ စစ်ကောင်စီတပ်က ဖမ်းဆီးသွား ၁၆ ဦးတွင် မြန်မာ့သြဘာမှစိုက်ပျိုးရေးဝန်ထမ်းများလည်းပါဝင်ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်များမဟုတ်ကြောင်း ဒေသခံများကပြောနေကြသည်။

“အိမ်တွေထဲအထိဝင်စီးပြီးဖမ်းခေါ်သွားတာပါ၊ ဒီဘက်မှာက ရဲဒလန်၊ စစ်ဒလန်စုံတယ်။ ဖမ်းတဲ့ကောင်တွေကလည်း ဒလန်ပြောသမျှအကုန်လိုက်ဖမ်းတာ၊ အခုဖမ်းခံရတာတွေက PDF မဟုတ်ပါဘူး၊ လုံးဝမဟုတ်ပါဘူး” ဟု ရွှေဘိုမြို့ခံတစ်ဦးကပြောသည်။

ရဲနှင့်အရပ်ဝတ်လက်နက်ကိုင်များပါဝင်သည့် စစ်ကောင်စီတပ်ဖွဲ့သည် ယနေ့နေ့လယ်ပိုင်းက ရွှေဘိုမြို့ အမှတ်(၁၀)ရပ်ကွက်ရှိနေအိမ်များအားဝင်ရောက်စီးနင်းပြီး ရိုက်နှက်ဖမ်းဆီးသွားကြခြင်းဖြစ်သည်။

အဖမ်းခံရသူများ၏မျက်နှာများတွင် ဖူးယောင်နေတာများဖြစ်နေရာ စစ်ကောင်စီတပ်ကထုတ်ပြန်သောဓာတ်ပုံများတွင် မှိန်အောင်ဝါးထားသည်ကိုလည်းတွေ့ရသည်။

“အဖမ်းခံရတဲ့အထဲမှာ မြန်မာ့သြဘာကဝန်ထမ်း သုံးယောက်လည်းပါတယ်၊ ကျန်တာတွေက ကျွန်တော်တို့ရွှေဘိုသားတွေပါ၊ အပြစ်မဲ့ပြည်သူတွေပါ၊ အခုရဲစခန်းမှာဖမ်းထားပြီးနှိပ်စက်နေ တယ်လို့သူတို့ပဲသတင်းလွှင့်တယ်၊ ဓာတ်ပုံတွေလည်းသူတို့ပဲတင်လိုက်တာပါ” ဟုလည်း ဒေသခံနောက်ထပ်တစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့တွင် ပြီးခဲ့သည့်အောက်တိုဘာလ ၁၄ ရက်နေ့ကလည်း ကျေးရွာနေအိမ်တော်တော်များများကို စစ်ကောင်စီကဝင်ရောက်စီးနင်းပြီး ဆိတ်ခွန်ကျေးရွာမှ ဆရာဝန်တစ်ဦးကိုဖမ်းဆီးသွားသေးကြောင်း သိရသည်။

ရွှေဘိုမြို့တွင် ပြီးခဲ့သည့်အောက်တိုဘာလ ၁၀ ရက်နေ့နံနက်ပိုင်းက မြို့မရဲစခန်းတိုက်ခိုက်ခံရမှုဖြစ်ခဲ့ပြီး ထိုတိုက်ခိုက်မှုကို PDF-ShweBo က ဗုံး ၁၀ လုံးဖြင့်ပစ် ခတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

 
 

 

 

Most read this week

ရုရှားနိုင်ငံထုတ် စစ်ကော်မရှင်၏တိုက်လေယာဉ်အသစ်များကို အာဏာသိမ်းပြီးကာလမှာ တွေ့ရစဉ်(ပုံအဟောင်း-AFP)
March 17, 2026
ဓာတု — မန္တလေးတိုင်း၊ မြင်းခြံခရိုင်ရှိ မြင်းခြံနှင့်နွားထိုးကြီးမြို့နယ်တို့တွင် နှစ်လတာအတွင်း...
ဓာတ်ပုံ - ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်အဖွဲ့ဝင် သုံးဖွဲ့မှ တပ်သားများကို အတူတကွ တွေ့ရစဥ် ။
March 16, 2026
မောင်ခက်နွေ — ညီနောင်မဟာမိတ် အဖွဲ့ဝင်များ ဖြစ်သည့် MNDAA နှင့် TNLA တို့အကြား ဖြစ်ပွားနေသည့်...
March 14, 2026
စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်မှ ၁၀ ရက်အတွင်း  ညောင်လေးပင်မြို့နယ်၌ ကျူးလွန်ခဲ့သည့်...
March 13, 2026
ပါခွီး — ပဲခူးတိုင်း ၊ တောင်ငူမြို့ အခြေစိုက် ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံး ၁၈လုံးဖြင့် ပစ်ခတ်...