ပေါင်က ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်းနေအိမ် ဗုံးပေါက်

ပေါင်က ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်းနေအိမ် ဗုံးပေါက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ပေါင်းရပ်ကွက်က ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်း ဒေါ်မေသူဝင်းနေအိမ်မှာ ဗုံးပေါက်ကွဲမှုဖြစ်ပေါ်ခဲ့တယ်လို့ ဒေသခံတွေ သံလွင်တိုင်းမ်ကို ပြောပါတယ်။

အောက်တိုဘာ ၂၂ ရက်နေ့ မနက် ၄ နာရီခွဲအချိန်ခန့်မှာ အမည်မသိလူတစုက ဒေါ်မေသူဝင်းနေအိမ်ကို ဗုံးလာရောက်ပစ်သွင်းခဲ့ပြီးနောက် ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

"မနက်အာရုံတက်ချိန်လောက်မှာ ပေါက်ကွဲအသံကြားလိုက်ရတယ်၊ အဲဒီအိမ်မှာတော့ ဒေါ်မေသူဝင်းနဲ့ သားသမီးတွေက မတွေ့တာကြာပြီး ရှောင်နေကြတာထင်တယ်။ သူ့အဖေ ဦးအေးဝင်းပဲ ရှိနေတယ်၊ လူတော့ ထိခိုက်မှုမရှိဘူး" လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် ဒေါ်မေသူဝင်း နေအိမ်ရဲ့ တံခါးမှန်တချို့နဲ့ ပန်းပဲဖိုအနည်းငယ်ထိခိုက်ပျက်စီးခဲ့ပြီး ဟိုက်ဂျက်ကားမှန်လည်း ကွဲကြေခဲ့တယ်လို့ ပြောပါတယ်။

စစ်ကောင်စီသတင်းပေးလုပ်နေတဲ့အတွက်ကြောင့် ဒေါ်မေသူဝင်းနေအိမ်ကို ဗုံးဖောက်ခွဲခဲ့တာဖြစ်တယ်လို့ ပေါင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်း ဒေါ်မေသူဝင်းဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ပေါင်မြို့နယ်ရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး အနိုင်ရရှိခဲ့ခြင်းတော့ မရှိပါဘူး။

July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...
July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...