အင်းတော်ကြီးဒေသ နန့်မွန်းမြို့တွင် မကွဲသေးသည့် လက်နက်ကြီးကျည်ဆော့ရင်းကစားရင်း (၁၂) အရွယ်ကလေး သေဆုံး

အင်းတော်ကြီးဒေသ နန့်မွန်းမြို့တွင် မကွဲသေးသည့် လက်နက်ကြီးကျည်ဆော့ရင်းကစားရင်း (၁၂) အရွယ်ကလေး သေဆုံး

အင်းတော်ကြီးဒေသ နန့်မွန်းမြို့ရှိ ရပ်ကွက် (၂) ရှိ နေအိမ်တစ်ခုတွင် အသက် (၁၂) အရွယ် ကလေးတစ်ဦးက မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်ကို သွားယူဆော့ကစားရင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုအခင်းဖြစ်ပွားမှုသည် အောက်တိုဘာလ ၂၁ ရက်နေ့ ညနေ (၆) နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“အဲ့တာက လက်နက်ကြီးကျည်လို့ပြောတယ်၊ အရင်တစ်ခါ တိုက်ပွဲဖြစ်တော့ ဆန်စက်ဝင်းနားမှာ မပေါက်သေးတဲ့ကျည်ရှိတယ်၊ အဲ့ကလေးက အဲ့နားက သွားယူလာခဲ့ပြီး အိမ်ကဝရံတာနားမှာ ပွတ်ဆော့တာထင်တယ်၊ အဲ့တာနဲ့ပေါက်သွားတာ“ ဟု ဒေသခံတစ်ဦးကပြောသည်။

ထိုပေါက်ကွဲမှုကြောင့် ထိုကလေး ဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး ညတွင်းချင်း နန့်မွန်းတိုက်နယ်ဆေးရုံ ရင်ခွဲရုံသွားပို့ဆောင်ထားခဲ့ကြောင်း ရပ်မိရပ်ဖတစ်ဦးက ပြောကြားသည်။

နန့်မွန်းပြည်သူ့စစ်စခန်းကို မေလ ၂၉ ရက်နေ့က KIA ဝင်တိုက်ခဲ့ပြီး နှစ်ဖက် လက်နက်ကြီးများဖြင့် အပြန်အလှန်ပစ်ခတ်ခဲ့ကြခြင်းဖြစ်သည်။

ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...
ဓါတ်ပုံ - (စစ်ရှောင်များ / Crd)
August 28, 2026
ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ဗန်းမော်မြို့ စစ်ဘေးရှောင်များအနက် ထောက်ပံ့ကြေး တစ်ကြိမ်မျှ...
ဓာတ်ပုံ - ရှမ်းနီအသံ
August 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် ဘဏ်ဖွင့်လှစ်နိုင်ခြင်း မရှိသေးသဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ...
August 26, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ်အတွင်းရှိ Starlink (စတားလင့်ခ်) ဝိုင်ဖိုင်စက် အသုံးပြုခများကို...