နယ်မြေလုံခြုံရေးကြောင့် KNDF တပ်ဖွဲ့ဝင်များ တောင်သူတွေရဲ့ သီးနှံများ ရိတ်သိမ်းကူ

နယ်မြေလုံခြုံရေးကြောင့် KNDF တပ်ဖွဲ့ဝင်များ တောင်သူတွေရဲ့ သီးနှံများ ရိတ်သိမ်းကူ

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အခြေစိုက်ရှိ ပြည်သူကာကွယ်ရေးတပ်ဖြစ်တဲ့ KNDF-B-02 တပ်သားများမှ ရိတ်သိမ်းချိန်ဖြစ်နေပြီ ဖြစ်တဲ့အတွက် နယ်မြေလုံခြုံရေးကြောင့် တောင်သူတွေရဲ့ ပြောင်းခင်းကို ရိတ်သိမ်းကူခဲ့တယ်လို့ သိရပါတယ်။

"အဓိကကတော့ နယ်မြေလုံခြုံရေးရယ်၊ စစ်ဘေးရှောင်တဲ့ဒုက္ခသည်တွေကို ဆေးကုသပိုင်းတွေလုပ်တယ်။ ပြည်သူလူထုရဲ့လိုအပ်ချက်ပေါ့နော။ ရိတ်သိမ်းချိန်လည်းဖြစ်တဲ့အချိန်မှာ ကျနော်တို့ရဲ့ ရဲဘော်တွေအားလုံးက ဝိုင်းဝန်းပြီးတော့ ရိတ်သိမ်းကူတာတွေတော့ ဆက်တိုက်လုပ်နေတယ်ပေါ့နော အဲ့ဒါတွေ။ နောက်တစ်ခုကတော့ ကျနော်တို့တွေက ပြည်သူကနေ မွေးဖွားလာတဲ့သူတွေဆိုတော့ ပြည်သူတွေအတွက် အမြဲတမ်း အဆင်သင့်ရှိတယ် အဲ့ဒါပါပဲ။ ရဲဘော်တွေအင်အား ရာထောင်ချီရှိတဲ့အတွက် ရဲဘော်တွေက ကြံခိုင်ရေးပိုင်းတွေလုပ်တယ်။ လူထုနဲ့အမြဲတမ်း တစ်သားတည်းရှိအောင် ဒါတွေက လုပ်ရမယ်ပေါ့နော။ လူထုဆိုတာလည်း ကျနော်တို့ရဲ့ မိဘတွေပါပဲ ကျနော်တို့ကို အမြဲတမ်းထောက်ပံ့နေတဲ့သူတွေပဲလေနော။" လို့ KNDF- B-02 မှ တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) အနေနဲ့ တပ်ရင်းအလိုက် စစ်ဘေးရှောင်စခန်းတွေမှာ လိုအပ်တဲ့စားနပ်ရိက္ခာ၊ ဆေးကုသမှုအပိုင်း၊ စိတ်ဓတ်မြှင့်တင်ရေးဆိုင်ရာ စတဲ့ ကဏ္ဍအလိုက် ပါဝင်ကူညီပေးလျက်ရှိနေပါတယ်။

ကရင်နီပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်တွေဟာ တောင်ယာ၊ လယ်ယာလုပ်ငန်းကိုသာ မှီခိုအားထားနေရတာဖြစ်တဲ့အတွက် အချိန်မီ စိုက်ပျိူးလိုက်နိုင်တဲ့ သီးနှံတွေကို သေနတ်သံတွေကြားက စားဝတ်နေရေးအတွက် ရိမ်းသိမ်းနေရတယ်လို့ ဒေသခံတောင်သူလယ်သမားတွေဆီကနေ သိရပါတယ်။

 
 

 

 

(ဓာတ်ပုံ - Crd)
August 19, 2026
ကရင်နီပြည်တွင် သစ်တောပြုန်းတီးမှု ကာကွယ်လျှော့ချနိုင်ရန်အတွက် ထင်းမီးအစားထိုး လောင်စာတောင့်...
ဓာတ်ပုံ - Crd
August 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတွင် Starlink ကုမ္ပဏီ၏ မူဝါဒပြောင်းလဲမှုများကြောင့်...
ဓာတ်ပုံ - Crd
August 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတွင် Starlink ကုမ္ပဏီ၏ မူဝါဒပြောင်းလဲမှုများကြောင့်...
ကရင်နီပြည်တွင်း၌ ရောင်းချနေသည့် စက်သုံးဆီဆိုင်များ။ / Crd
August 18, 2026
ကရင်နီပြည်တွင်းသို့ အနောက်ဘက်ခြမ်း ဝင်ပေါက်များမှတစ်ဆင့် ပြည်တွင်းထွက် ချက်ဆီများ ရောနှောထား...