ပုလောတွင် စစ်ကောင်စီတပ်နှင့် PRDF အကြား တိုက်ပွဲဖြစ်၊ ဒေသခံအချို့ တိမ်းရှောင်နေရ

ပုလောတွင် စစ်ကောင်စီတပ်နှင့် PRDF အကြား တိုက်ပွဲဖြစ်၊ ဒေသခံအချို့ တိမ်းရှောင်နေရ

မြိတ်ခရိုင် ပုလောမြို့နယ်အတွင်း စစ်ကောင်စီ တပ်ဖွဲ့များနှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားပြီးနောက် ရွာသားများ စစ်ဘေးလွတ်ရာ တောတောင်များအတွင်း ပုန်းအောင်းနေကြရသည်။

PDF အဖွဲ့နှင့် ပုလောဒေသခံ မဟာမိတ်အဖွဲ့များပါဝင်သည့် PRDF (Palaw Regional Defence Forces) တို့နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အောက်တိုဘာ ၂၃ ရက်နေ့၊ နံနက် ၁၀ နာရီခွဲအချိန်တွင် တစ်ကြိမ်နှင့် နေ့လည် ၁၂ နာရီခွဲအချိန်တွင် တစ်ကြိမ် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ရွာသားများက ပြောသည်။

“အခုရွာသားတွေက ကြောက်လန့်ပြီး တောတောင်ထဲက လုံခြုံမယ်ထင်တဲ့ တောင်ယာတဲတွေဆီ ရှောင်နေ ရတယ်၊ မိုးကလည်း ရွာနေတော့ ရှိတဲ့ တဲတွေမှာ မျှပြီးနေရတော့ အတော်လေး ဒုက္ခရောက်နေကြတယ်“ ဟု အသက် ၅၀ အရွယ် ဒေသခံရွာသားတစ်ဦးက ပြောသည်။

မိကျောင်းသိုက်ကျေးရွာနှင့် ချောင်းလှကျေးရွာအကြားရှိ အောက်ထိခိုင်ကျေးရွာတွင် အပြန်အလှန် ပစ်ခတ်ခဲ့ကြခြင်းဖြစ်သည်ဟု ဒေသခံရွာသားများက ပြောသည်။

အင်အား ၆၀ ခန့်ရှိ စစ်ကောင်စီတပ်ဖွဲ့ကို PDF ပူပေါင်းနှစ်ဖွဲ့က လက်ဦးမှုယူပြီး စတင်ပစ်ခတ်ခြင်းဖြစ်၍ အလစ်အငိုက်မိသွားရာ စစ်ကောင်စီဘက်က ၁၅ ဦးထက်မနည်း အထိအခိုက်အကျအဆုံးရှိနိုင်သော်လည်း PDF များဘက်က ထိခိုက်ဒဏ်ရာသူမရှိကြောင်း သိရသည်။

သို့သော် ထိုအခြေအနေနှင့် တ်သက်၍ သီးခြားအတည်မပြုနိုင်သေးပါ။

အထိနာသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် နန်းအိမ်တောင်ကျေးရွာအထိ ပြန်ဆုတ်ကာ အင်အားထပ်မံစုဆောင်းနေ၍ လက်ရှိအချိန်အထိ အခြေအနေမှာ တင်းမာလျှက်ရှိနေသေးသည်ဟု ဒေသခံများက ဆိုသည်။

အောက်ထိခိုင်ကျေးရွာသည် အိမ်ခြေ ၂၀ ကျော် - လူဦးရေ ၆၀ ခန့် နေထိုင်လျှက်ရှိပြီး ရွာသားများသည် တောင်ယာနှင့် ဥယျာဉ်ခြံများ အဓိကလုပ်ကိုင်ကြသည်။

 
 

 

 

May 8, 2026
တော်လှန်ရေး အင်အားစုများ နှစ်နှစ်ကျော်ကြာ စိုးမိုးထားသည့် မော်လူးမြို့ကို ပြန်လည်စီးနင်းလိုက်သော...
May 7, 2026
တနင်္သာရီတိုင်းဒေသကြီး၏ အဓိကကုန်သွယ်ရေး သွေးကြော ဖြစ်သော ရန်ကုန်-ထားဝယ် ကားလမ်းမပေါ်ရှိ...
May 6, 2026
စစ်အုပ်စု၏ သာလွန်အင်အားဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် သိမ်းပိုက်ထိန်းချုပ်ထားသည့်...
May 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့သည့် စစ်တပ်သည် အမျိုးသားညီညွတ်ရေး...