မအူပင်တွင် ရာအိမ်မှူးတစ်ဦး ပစ်သတ်ခံရ

မအူပင်တွင် ရာအိမ်မှူးတစ်ဦး ပစ်သတ်ခံရ

စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များအား သတင်းပေးနေသူ ဒလန်ဟု နာမည်ကြီးသည့် ဧရာဝတီတိုင်း၊ မအူပင်မြို့၊ အမှတ် ၆ ရပ်ကွက်က ရာအိမ်မှူးတစ်ဦး ပစ်သတ်ခံလိုက်ရသည်ဟု ဒေသခံများက ပြောသည်။

အမှတ် ၆ ရပ်ကွက်၊ ဘုရားလမ်းမကြီး ခိုင်မေတ္တာလမ်းသွယ်နှင့် ခိုင်သစ္စာလမ်းသွယ်အကြားတွင် အသက် ၄၀ အရွယ်ခန့်ရှိ ရာအိမ်မှူး ဦးမောင်ဦးဆိုသူ အောက်တိုဘာလ ၂၂ ရက်နေ့က ပစ်သတ်ခံရခြင်းဖြစ်သည်။

"သေနတ်သံ ၃ ချက်လောက်ကြားလိုက်တယ်။ နောက်တော့ ခိုင်မေတ္တာလမ်းထဲက ရာအိမ်မှူးမောင်ဦး အပစ်ခံလိုက်ရတယ်ဆိုပြီးသိတာ" ဟု ဒေသခံတစ်ဦးက ပြောသည်။

ရာအိမ်မှူးမောင်ဦးသည် စစ်ကောင်စီလှည့်ကင်းတွင် နေ့စဉ် ပါဝင်နေသူဖြစ်ပြီး ၎င်းက သတင်းပေးသဖြင့် ရပ်ကွက်အတွင်းရှိ CDM ဝန်ထမ်းအချို့ နှင့် စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြသူအချို့ အဖမ်းခံထားရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

ယင်းပစ်ခတ်မှုကို မအူပင်မြို့ ပြည်သူကာကွယ်ရေးတပ်ဖွဲ့က ၎င်းတို့လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

မအူပင်တွင် စစ်ကောင်စစ်တပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏ဒလန်များက ပြည်သူများအပေါ် အနိုင်ကျင့်၊ ငွေညှစ်မှုများရှိနေသည့်အပြင် အကြောင်းမဲ့ ဖမ်းဆီးကာ ခြိမ်းခြောက်နှိပ်စက်မှုများရှိနေသဖြင့် နယ်ခံများက ရွံရှာထိတ်လန့်နေဟု မအူပင်ဒေသခံ ဦးထွန်းထွန်းက ပြောသည်။

စက်တင်ဘာလ ၈ ရက်နေ့ကလည် မအူပင်မြို့ အမှတ် ၉ ရပ်ကွက်တွင်နေထိုင်သူ ဒလန်ဦးရာချစ်ဆိုသူ နေအိမ်ရှေ့တွင် ပစ်ခတ်ခံခဲ့ရသော်လည်း ၎င်းမှာ ထိခိုက်ဒဏ်ရာရရှိခြင်းမျိုး မရှိခဲ့ဘူးဟု ဒေသခံများက ဆိုသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ဧရာဝတီတိုင်းတွင် စစ်ကောင်စီသတင်းပေးဟု နာမည်ကြီးသူများအား သေနတ်ဖြင့်ပစ်ခံရမှုများ ဆက်တိုက်ရှိလာခဲ့ရာ ထိုသို့ပစ်ခတ်ခံရမှုများကြောင့် ၈ ဦးသေ၊ ၂ ဦးဒဏ်ရာရခဲ့ပြီး ၁ ဦး ထိခိုက်မှုမရှိကြောင်း သိရသည်။

 
 

 

 

August 1, 2026
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်အတွင်း စစ်မှုထမ်းစုဆောင်းခံရမည်ကို စိုးရိမ်သဖြင့်...
July 31, 2026
ရခိုင်ပြည်တစ်ဝန်းတွင် သွေးလွန်တုတ်ကွေးရောဂါ ဆက်တိုက်ဖြစ်ပွားနေပြီး ဆေးရုံတက်ရောက် ကုသသူ ၁၅၅...
July 31, 2026
ရခိုင်ပြည်၊ မောင်တောခရိုင်အတွင်းရှိ မာဒရာဆာကျောင်းများတွင် ရခိုင်စာ၊ စကားသင်ကြားရန်နှင့်...
July 31, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင်...