လှိုင်မြို့နယ်တွင် သတင်းပေးဆိုသူတစ်ဦး ပစ်သတ်ခံရ

လှိုင်မြို့နယ်တွင် သတင်းပေးဆိုသူတစ်ဦး ပစ်သတ်ခံရ

လှိုင်မြို့နယ်၊ ၁၃ ရပ်ကွက်အနီး ဗဟိုလမ်းမပေါ်ရှိ အငှားယာဉ်ဂိတ်တွင် ယာဉ်မောင်းအမျိုးသားတစ်ဦးအား စစ်ကောင်စီသတင်းပေးအဖြစ် စွပ်စွဲပြီး Rangoon Urban Revolutionaries-RUR အဖွဲ့က ပစ်သတ်ခဲ့သည်။

အောက်တိုဘာ ၂၁ ရက်နေ့၊ ညနေပိုင်းအချိန်တွင် အငှားယာဉ်ဂိတ်က ယာဉ်မောင်းအမျိုးသား ဦးသိန်းဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်ဟု ရပ်ကွက်အတွင်းနေထိုင်သူများက ပြောသည်။

“ကားနောက်ဖုံးဖွင့်ပြီး ထိုင်နေတဲ့အချိန် လာပစ်သွားတာ။ ဂိတ်မှာသူ တစ်ယောက်ထဲရှိတဲ့အချိန် ရွေးလာတာ” ဟု ပစ်ခတ်မှုကို မြင်တွေ့ခဲ့သူ တစ်ဦးက ပြောသည်။

သေဆုံးသူ ဦးသိန်းဦးမှာ အငှားယာဉ်မောင်းအလုပ်လုပ်ကိုင်ရင်း စစ်ကောင်စီထံ သတင်းပေးနေသူဖြစ်ပြီး ရပ်ကွက်အတွင်းက လူငယ် ၈ ဦး ၎င်းကြောင့် ဖမ်းဆီးခံခဲ့ရသည်ဟု လာရောက်ပစ်ခတ်ခဲ့သည့် Rangoon Urban Revolutionaries-RUR အဖွဲ့က စွပ်စွဲထားသည်။

စစ်ကောင်စီသတင်းပေးဟုဆိုသူ ဦးသိန်းဦးကို Rangoon Urban Revolutionaries-RUR အဖွဲ့က လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်မှုအပြီး အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း အဆိုပါအဖွဲ့က ထုတ်ပြန်ထားသည်။

သေဆုံးသူ ဦးသိန်းဦးဆိုသူမှာ နိုင်ငံရေးပါတီတစ်ခုခုတွင်ပင် ဝင်ရောက်ထားခြင်းမျိုးမရှိသော်လည်း စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှစတင်၍ စစ်ကောင်စီထံ သတင်းပေးခြင်းများရှိနေသည်ဟု ရပ်ကွက်အတွင်းနေထိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၀ ရက်နေ့ကလည်း လှိုင်မြို့နယ်၊ ၃ ရပ်ကွက်အတွင်းနေထိုင်သည့် စစ်ကောင်စီ၏သတင်းပေး ကိုဇေလတ်ဆိုသူ သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့သည့်ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့သေးသည်။

 
 

 

 

August 1, 2026
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်အတွင်း စစ်မှုထမ်းစုဆောင်းခံရမည်ကို စိုးရိမ်သဖြင့်...
July 31, 2026
ရခိုင်ပြည်တစ်ဝန်းတွင် သွေးလွန်တုတ်ကွေးရောဂါ ဆက်တိုက်ဖြစ်ပွားနေပြီး ဆေးရုံတက်ရောက် ကုသသူ ၁၅၅...
July 31, 2026
ရခိုင်ပြည်၊ မောင်တောခရိုင်အတွင်းရှိ မာဒရာဆာကျောင်းများတွင် ရခိုင်စာ၊ စကားသင်ကြားရန်နှင့်...
July 31, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင်...