ရေဖြူ NLD ပါတီရုံးရှေ့ လူဦးခေါင်းပြတ် လာရောက်ချိတ်ဆွဲထား

ရေဖြူ NLD ပါတီရုံးရှေ့ လူဦးခေါင်းပြတ် လာရောက်ချိတ်ဆွဲထား

တနင်္သါရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်ရှိ  NLD ပါတီရုံးရှေ့မှာ အောက်တိုဘာလ ၂၂ ရက်နေ့က လူဦးခေါင်းပြတ်တစ်လုံး လာရောက်ချိတ်ဆွဲထားမှု ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ယနေ့မနက် ၆ နာရီခန့်မှာ NLD ပါတီရုံး ဝင်ပေါက်တံခါး သံပန်းမှာ ပိုက်အိတ်နဲ့ လူဦးခေါင်းပြတ်ကို လာရောက်ချိတ်ဆွဲထားတာကို ဒေသခံတွေက တွေ့မြင်ခဲ့တယ်လို့ ဆိုပါတယ်။

"ဦးခေါင်းပြတ်ကို NLD ရုံးရှေ့မှာ လာချိတ်ထားတာ  ဘယ်သူဆိုတာတော့ မသိရဘူး။ DGRF က လုပ်တယ်ဆိုရင် ခုလို NLD ရုံးရှေ့မှာ လာချိတ်မယ်လို့ မထင်ဘူး။ ဒါက DGRF ကို နာမည်ဖျက်ချင်လို့ လုပ်ထားတယ်လို့မြင်တယ်။ DGRF က လုပ်တယ်ဆိုရင်လည်း သူတို့ဘက်က ထုတ်ပြန်ကြေညာပါလိမ့်မယ်" လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဆိုပါ လူဦးခေါင်းပြတ်မှာ အသက် ၇၀ နှစ်ခန့်အရွယ်ရှိပြီး ကတုံးဆံပင်၊ ဝဲပါး၊ နဖူး၊ မေးစေ့တို့မှာ ပြတ်ရှဒဏ်များပါရှိနေကာ သေဆုံးသူ ဘယ်သူဘယ်ဝါဆိုတာကို မသိရသေးပါဘူး။

ဒါ့အပြင် ဦးခေါင်းပြတ် ချိတ်ဆွဲထားတဲ့ အောက်မှာ ကတ်ထူပြားနှင့် "ဒလန်ရှင်းလင်းရေးအဖွဲ့က ဒလန်ကို သုတ်သင်လိုက်ပြီး။ မင်းတို့က လုပ်ပြီး မပြောရဲဘူး။ ငါတို့က ပေါ်တင်ပြောပြီးလုပ်တာ Dawei Guerrilla Revolutionary Force" ဟု ရေးသားထားတယ်လို့ ဆိုရပါတယ်။

တနင်္သာရီတိုင်းဒေသကြီးအတွင်းက NLD ပါတီရုံးတွေမှာတော့ ဗုံးပေါက်ပွဲမှုတွေ ခနခနဖြစ်ပေါ်နေပြီး အဆောက်အဦးတစ်ခုလုံး ပြိုကျတဲ့အထိ အပြင်းစား ပေါက်ကွဲမှုတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။

 
 

 

 

July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...
July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...