လွိုင်ကော်တက္ကသိုလ်ရှေ့ ဗုံးပေါက်ကွဲပြီးနောက် သေနတ်သံကြားရ

လွိုင်ကော်တက္ကသိုလ်ရှေ့ ဗုံးပေါက်ကွဲပြီးနောက် သေနတ်သံကြားရ

ကရင်နီပြည် လွိုင်ကော်မြို့ရှိ လွိုင်ကော်တက္ကသိုလ် (ဒေးကျောင်း) ရှေ့မှာ ဒီကနေ့ညနေ ၃ နာရီဝန်းကျင်မှာ ဗုံးပေါက်ကွဲသံကြားရပြီး သေနတ်သံပစ်ခတ်မှု ကြားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

"၃ နာရီမထိုးသေးဘူး ဗုံးသံလို့ထင်တယ် ဗုံးကွဲသံပြီးမှပဲ သေနတ်သံကြားရတာ တော်တော်ကျယ်တယ် အသံက။ အဲ့မတိုင်ခင်ကလည်း တက္ကသိုလ်ကျောင်းရှေ့မှာ ဗုံးလာပစ်ချသွားတယ်ပြောတယ်ကော။ အဲ့ဒါ စစ်တပ်တွေက ဗုံးလာရှင်းတာလား ဘာလားတော့မသိဘူး လုပ်ရင်းနဲ့ ကွဲတာလားတော့မသိဘူးလေ။ သေနတ်သံကတော့ ခနပဲ။ ခုဆို တက္ကသိုလ်ရှေ့လမ်းတစ်လျှောက် အစစ်ဆေးရှိတော့မယ်ထင်တာပဲ" လို့ တက္ကသိုလ်အနီးအနားမှာနေထိုင်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

နေ့ခင်းအချိန် လွိုင်ကော်တက္ကသိုလ်ရှေ့မှာ အမည်မသိကားတစ်စီးမှ ဗုံးလာပစ်ချသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ညနေပိုင်းမှာတော့ ဗုံးပေါက်ကွဲပြီးတာနဲ့ သေနတ်သံကြားခဲ့ရပြီး တက္ကသိုလ်ရှေ့၊ ထေးဌားလျားကန်ဘောင်ပတ်ဝန်းကျင်၊ ဝန်ကြီးအိမ်ယာလမ်းမတစ်လျှောက်မှာ စစ်သားတွေ နေရာယူထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

"ရုတ်တရက်ဆိုတော့ လန့်သွားတာပေါ့ ကန်ဘောင်ဘေးမှာ ငါးမျှားနေတာလေ။ ငါးမျှားတဲ့သူကော အလည်လာတဲ့သူကော မြန်မြန်ပြန်ရတာ။" လို့ ကန်ဘောင်ဘေးမှာ ငါးမျှားနေသူတစ်ဦးက ပြောပါတယ်။

လွိုင်ကော်မြို့အတွင်းမှာ စစ်ကောင်စီတပ်သားတွေကနေ လမ်းဆုံလမ်းထောင့်၊ လမ်းမကြီးတွေမှာ သွားလာနေတဲ့ ပြည်သူတွေကို နေ့စဉ် စစ်ဆေးနေပြီး မသင်္ကာတဲ့ပြည်သူတွေကို ဖမ်းဆီးတာတွေရှိနေတာကြောင့် ဒေသခံပြည်သူတွေ ထိတ်လန့်နေကြရတယ်လို့ သိရပါတယ်။

 
 

 

 

(ဓာတ်ပုံ - Crd)
August 19, 2026
ကရင်နီပြည်တွင် သစ်တောပြုန်းတီးမှု ကာကွယ်လျှော့ချနိုင်ရန်အတွက် ထင်းမီးအစားထိုး လောင်စာတောင့်...
ဓာတ်ပုံ - Crd
August 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတွင် Starlink ကုမ္ပဏီ၏ မူဝါဒပြောင်းလဲမှုများကြောင့်...
ဓာတ်ပုံ - Crd
August 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတွင် Starlink ကုမ္ပဏီ၏ မူဝါဒပြောင်းလဲမှုများကြောင့်...
ကရင်နီပြည်တွင်း၌ ရောင်းချနေသည့် စက်သုံးဆီဆိုင်များ။ / Crd
August 18, 2026
ကရင်နီပြည်တွင်းသို့ အနောက်ဘက်ခြမ်း ဝင်ပေါက်များမှတစ်ဆင့် ပြည်တွင်းထွက် ချက်ဆီများ ရောနှောထား...