လောင်းရှည်မြို့မရဲစခန်းက ပြည်သူ့ဘက်ကူးပြောင်းလာသည့် ရဲတပ်သား လွတ်မြောက်နယ်မြေသို့ ရောက်ရှိ

လောင်းရှည်မြို့မရဲစခန်းက ပြည်သူ့ဘက်ကူးပြောင်းလာသည့် ရဲတပ်သား လွတ်မြောက်နယ်မြေသို့ ရောက်ရှိ

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ လောင်းရှည်မြို့ မြို့မရဲစခန်းမှ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်လာသည့် ရဲတပ်သား ကျော်သီဟသည် ယနေ့ အောက်တိုဘာလ ၂၁ ရက်တွင် လွတ်မြောက်နယ်မြေသို့ ဘေးမသီရန်မခ ရောက်ရှိသွားပြီဟု ယောဒေသကာကွယ်ရေးတပ် (YDF- ဆော၊ ကျောက်ထု) အဖွဲ့ထံမှ သိရသည်။

အဆိုပါ ရဲတပ်သားသည် ပြီးခဲ့သည့် အောက်တိုဘာလ ၁၆ ရက် နံနက်ပိုင်းတွင် CDM ပြုလုပ်ပြီး YDF-ဆော၊ ကျောက်ထုအဖွဲ့ထံ လာရောက်ခိုလှုံခဲ့ခြင်းဖြစ်သည်။

“နောက်နောင်တွင် စစ်လက်နက်အပြည့်အစုံနှင့်တကွ YDF- ဆော၊ ကျောက်ထုအဖွဲ့ထံ ဝင်ရောက်လာပါက ထိုက်တန်သောဆုကြေးငွေကို ပေးအပ်၍ ယခုလို လွတ်မြောက်နယ်မြေ (သို့) ပြည်ပနိုင်ငံသို့ရောက်ရှိအောင် ပို့ဆောင်ပေးသွားမည်” ဟု ယောဒေသ ကာကွယ်ရေးတပ်ဘက်က ကြေညာထားသည်။

ဆောမြို့ မြို့မရဲစခန်းက ရဲတပ်သား ငြိမ်းမောင်သည် အောက်တိုဘာလ ၁၄ ရက်က YDF-ဆော၊ ကျောက်ထုအဖွဲ့ထံလာရောက်ပြီး CDM ပြုလုပ်ကာ ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာခဲ့သေးသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ အရာတော်မြို့ မြို့မရဲစခန်းက ရဲတပ်သား ကောင်းထက်ဇော်နှင့် အမှတ် (၁၀) စစ်အခြေခံ လေ့ကျင့်ရေးတပ်မှ ဒု-တပ်ကြပ် ကျော်လှိုင်ဦးတို့ နှစ်ဦးသည်လည်း အောက်တိုဘာလ ၆ ရက်တွင် CDM ပြုလုပ်ပြီး ပြည်သူ့ဘက် ပူးပေါင်းပါဝင်လာသည်ဟု အရာတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အောက်တိုဘာလ ၁၅ ရက်နေ့က ထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်ကောင်စီနှင့် လမ်းခွဲပြီး ပြည်သူလူထုနှင့် ပူးပေါင်းလာသော တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ၏ အကျိုးခံစားခွင့်ကို ပင်စင်အထိပါ တာဝန်ယူမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြီးခဲ့သည့် ဩဂုတ်လ ၂၃ ရက်နေ့တွင် ထုတ်ပြန်ကြေညာထားသည်။

 
 

 

 

Most read this week

ဓာတ်ပုံ - (စစ်ကိုင်းတိုင်းရှိ တောင်သူတစ်ဦး လယ်ထွန်ယက်နေစဉ် / MDN.gov)
August 26, 2026
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်များတွင်...
ဓာတ်ပုံ – (တမူး - ကလေးလမ်းပိုင်းတိုက်ပွဲအတွင်း ပျက်စီးသွားသည့် နန်မွန်းတားတံတား ပြုပြင်နေစဉ်/ Crd)
August 26, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ သွား...
ဓာတ်ပုံ - Thingsai Tlaizawng / မီဇိုရမ်ပြည်နယ်အတွင်း ဖမ်းဆီးရမိသည့် လက်နက်ခဲယမ်းများ
August 25, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ရက်ပိုင်းခြား၍ မြန်မာနိုင်ငံမှ သယ်ဆောင်လာသည်ဟု ယူဆရသော သေနတ်...
August 24, 2026
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် မုံရွာခရိုင် ၅+၁ တပ်ဖွဲ့ဝင် နှစ်ဦးနှင့်...