ဒ်မ ၃၉၆ ဖြင့် လူပေါင်း ၂၃ ယောက်အား သေဒဏ်ပေးလိုက်ပြီဆိုတဲ့ သတင်းအမှား ပြန့်နှံ့နေ

ဒ်မ ၃၉၆ ဖြင့် လူပေါင်း ၂၃ ယောက်အား သေဒဏ်ပေးလိုက်ပြီဆိုတဲ့ သတင်းအမှား ပြန့်နှံ့နေ

မနေ့က အောက်တိုဘာလ ၂၀ ရက် သီတင်းကျွတ် လပြည့်နေ့တွင် ပုဒ်မ ၃၉၆ ဖြင့် မြောက်ဥက္ကလာမှ လူပေါင်း ၁၉ ယောက်၊ ပဲခူးမှ ၄ ယောက် စုစုပေါင်း လူပေါင်း ၂၃ ယောက်ကို သေဒဏ်ပေးလိုက်ကြောင်းသတင်းတစ်ခု ပြန့်နှံ့နေသည်။

ဒေါ်ခိုင်နှင်းဝေဆိုသည့်အကောင့်မှ လူပေါင်း ၂၃ ဦးအား သေဒဏ်ပေးခံရကြောင်း စတင်တာတွေ့ရပြီး အဆိုပါသတင်းကို ည ၈ နာရီ MRTV တွင် ကြေညာသွားသည်ဟုဆိုသည်။

ဒီသတင်းကို လူပေါင်း ၈၆၀၀ ကျော်မှ ပြန်လည်မျှဝေမှုရှိတာကို တွေ့ရသည်။

သို့သော် အဆိုပါကြေညာချက်မျိူးကို စစ်ကောင်စီ လက်အောက်ခံ မီဒီယာ မြန်မာအသံ၏ ည ရှစ်နာရီ သတင်းတွင် ထည့်သွင်းကြေညာသွားတာ မရှိတာကို မဇ္ဈိမ သတင်းဌာန၏ သတင်းမှား တိုက်ဖျက်ရေး အစီအစဉ်မှ အချက်အလက်စစ်ဆေးသူများက တွေ့ရှိရသည်။

မဇ္ဈိမ သတင်းမှားတိုက်ဖျက်ရေးအစီအစဉ်မှ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ထံ ဆက်သွယ်မေးမြန်းရာမှာ “ယခု ပြန့်နှံ့နေသည့် သတင်းကိုတွေ့ရှိရကြောင်းနဲ့ လက်ရှိကာလဟာ ရုံးပိတ်ရက်ကာလဖြစ်နေတာကြောင့် မဖြစ်နိုင်ဖူး“ ဟု ပြောကြားသွားသည်။

ထို့ကြောင့် လက်ရှိပြန့်နှံ့နေသည့် ပုဒ်မ ၃၉၆ ဖြင့် လူပေါင်း ၂၃ ဦးအား သေဒဏ်ပေးလိုက်ပြီဆိုတဲ့ သတင်းသည် သတင်းအမှားသာဖြစ်ကြောင်း ပြောကြားလိုပါသည်။

August 1, 2026
စစ်အုပ်စုနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ချင်းညီနောင် (CB) အဖွဲ့ဝင်ဖြစ်သည့်...
July 31, 2026
စစ်အုပ်စုတပ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ရန်ကုန်နေအိမ်သို့...
July 30, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်အုပ်စုက ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့မှစ၍ ဇူလိုင်လ ၂၉ ရက်နေ့...
July 30, 2026
မလေးရှားအစိုးရက ဒုက္ခသည်များအပေါ် ထားရှိသည့် မူဝါဒများကို တင်းကျပ်လာနေသည့် အခြေအနေများ ကြောင့်...