လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် မာန်အောင်မြို့နယ်တွင်လည်း ကျောင်းသား ၇ ထောင်ကျော်ကို ကိုဗစ်ကာကွယ်ဆေး ထိုးပေးနေပြီ

လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် မာန်အောင်မြို့နယ်တွင်လည်း ကျောင်းသား ၇ ထောင်ကျော်ကို ကိုဗစ်ကာကွယ်ဆေး ထိုးပေးနေပြီ

လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင်လည်း ကျောင်းသား၊ ကျောင်းသူ ၇ ထောင်ကျော်ကို ကိုဗစ်ကာကွယ်ဆေး ထိုးပေးနေပြီဟု သိရသည်။

ရခိုင် ၁၆ မြို့နယ်ရှိ ကျောင်းသား၊ ကျောင်းသူများကို အောက်တိုဘာလ ၁၇ ရက်မှစတင်ကာ ကိုဗစ်ကာကွယ်ဆေးကို စတင်ထိုးပေးနိုင်ခဲ့သော်လည်း လမ်းပန်းဆက်သွယ်ရေးခက်ခဲ၍ မာန်အောင်မြို့နယ်သို့ ကာကွယ်ဆေးများအချိန်မီမရောက်ရှိခဲ့သည့်အတွက် တပြိုင်တည်းထိုးပေးနိုင်ခြင်းမရှိခဲ့ဟု သိရသည်။

လက်ရှိတွင် မာန်အောင်မြို့နယ်ရှိ ကျောင်းသား၊ ကျောင်းသားများအတွက် ကိုဗစ်ကာကွယ်ဆေးများသည် အောက်တိုဘာလ ၁၇ ရက်တွင် ရောက်ရှိခဲ့ပြီဖြစ်၍ အောက်တိုဘာ ၁၈ ရက်မှစတင်ကာ ထိုးပေးနေပြီဟု မြို့နယ်ပညာရေးမှူး ဦးရွှေလှအောင်က နိရဥ္စရာကိုပြောသည်။

“အောက်တိုဘာလ ၁၈ ရက်နဲ့ ၁၉ ရက်တို့မှာ ထိုးဖြစ်ပါတယ်။ ၃၂၆၉ ယောက်ထိုးပြီးပြီ” ဟု ပြောသည်။

မာန်အောင်မြို့နယ်တွင် ကိုဗစ်ကာကွယ်ဆေးထိုးခွင့်ရှိသည့်ကျောင်းသူ၊ ကျောင်းသားပေါင်း ၇ ထောင်ကျော်ရှိပြီး ကျန်နေသေးသူများကိုလည်း ဆက်လက်ထိုးပေးသွားမည်ဟုဆိုသည်။

မာန်အောင်မြို့နယ်သည် ကျွန်းမြို့တစ်မြို့ဖြစ်သည့်အတွက် စစ်တွေမှ ကုန်းလမ်းနှင့်ရေလမ်းတို့ဖြင့်သွားမည်ဆိုပါက အဆင့်ဆင့်သွားရပြီး စစ်တွေမှ လေကြောင်းတစ်ခုတည်းဖြင့်သာ သွားလာရလွယ်ကူကြောင်း သိရသည်။

ရခိုင်တစ်ပြည်လုံးရှိ အသက် ၁၂ နှစ်အထက် အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၈၇,၇၄၄ ဦးအား Sinovac အမျိုးအစားကိုဗစ်ကာကွယ်ဆေးကို ထိုးပေးနေခြင်းဖြစ်သည်။

တစ်နိုင်ငံလုံးရှိ အခြေခံပညာစာသင်ကျောင်းများအား ကိုဗစ်ကပ်ရောဂါကြောင့် ပြီးခဲ့သည့် ဇူလိုင်လ ၉ ရက်နေ့မှစတင်ကာ အောက်တိုဘာလ ၂၄ ရက်အထိ ပိတ်ထားခဲ့ရသည်။

ကျောင်းသူ၊ ကျောင်းသားများအား ကိုဗစ်ကာကွယ်ဆေးထိုးပြီးပါက လာမည့်နိုဝင်ဘာလအတွင်း အခြေခံပညာကျောင်းများကို ပြန်လည်ဖွင့်လှစ်တော့မည်ဟု နစကကောင်စီက ထုတ်ဖော်ပြောဆိုထားသည်။

August 1, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ရွှေလှေကျေးရွာကို စစ်တပ်က လေကြောင်းမှ...
July 31, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ စစ်တပ်ထံ လက်နက်ချအလင်းဝင်သည့် ဖြစ်စဉ်မျိုး...
July 30, 2026
ရခိုင်-မကွေးရိုးပေါ်မှ တစ်ဆင့် နတ်ရေကန်စစ်မျက်နှာသို့ အင်အားဖြည့်တင်းရန် ရောက်ရှိလာခဲ့သော စစ်ကား...
July 27, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အကြား ရိုးတောင်ကျော်လမ်းပေါ်တွင်...