စဉ့်ကိုင်နယ်တွင် PDF က စစ်ကောင်စီတပ်ကို ဗုံးပစ်တိုက်ခိုက် စစ်ကောင်စီတပ်သား ၁၀ ဦးခန့်သေဆုံး

စဉ့်ကိုင်နယ်တွင် PDF က စစ်ကောင်စီတပ်ကို ဗုံးပစ်တိုက်ခိုက် စစ်ကောင်စီတပ်သား ၁၀ ဦးခန့်သေဆုံး

စဉ့်ကိုင်မြို့နယ် ရွာဘိုကျေးရွာတွင် ယနေ့နံနက် အာရုံမတက်မီအချိန်က စစ်ကောင်စီတပ်တပ်စွဲထားသည့် ကျေးရွာခန်းမတွင် ဗုံးပေါက်ကွဲမှုဖြစ်ပြီး စစ်ကောင်စီလက်နက်ကိုင်တပ်ဖွဲ့ဝင် ၁၀ ဦးခန့် ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း ဒေသခံများအပြောအရသိရသည်။

“ဟုတ်တယ်ဗျ၊ ဗုံးပေါက်တာက ရွာလယ်ခန်းမပါ။ မနက်အစောကြီး လူတစ်စုက ဗုံးနဲ့ပစ်သွားတာပါ။ ကားတွေနဲ့တင်ခေါ်သွားတာတင် ၁၀ ယောက်ကျော်လောက်ရှိမယ်။ ယူနီဖောင်းဝတ်တွေရော အရပ်ဝတ်တွေရောပါပါတယ်” ဟု ဒေသခံတစ်ဦးက ပြောသည။

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ် ရွာဘိုကျေးရွာအတွင်းက စစ်ကောင်စီလက်နက်ကိုင်များ တပ်စွဲထားသည့် ရွာလယ်ခန်းမတွင် ယနေ့ (အောက်တိုဘာ ၂၁ ရက်) နံနက် ၂ နာရီဝန်းကျင်ခန့်က ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

ပေါက်ကွဲမှုဖြစ်စဉ်နှင့်ပတ်သက်၍ ကျောက်ဆည် ပြည်သူ့ကာကွယရေးတပ် (KPDF) က သတင်းထုတ်ပြန်ရာတွင် ရွာဘိုကျေးရွာရှိ ရွာလယ်ခန်းမတွင်တပ်စွဲထားသော အင်အား ၇၀ ခန့်ရှိသည့် စစ်ကောင်စီတပ်များကို KPDF အဖွဲ့မှ အလစ်အငိုက် ဗုံးပစ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပါရှိသည။

ဗုံးပစ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်အနည်းဆုံး ၁၀ ဦးခန့်သေဆုံးနိုင်ဖွယ်ရှိသည်ဟု KPDF တာဝန်ခံတစ်ဦးက ဆိုသည်။

လက်ရှိတွင် ရွာဘိုကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာများအား စစ်ကောင်စီလက်နက်ကိုင်များ ဝင်ရောက်စီးနင်းရှာဖွေမှုများ ပြုလုပ်နေကြောင်း ဒေသခံများကပြောသည်။

Most read this week

ဓာတ်ပုံ - (စစ်ကိုင်းတိုင်းရှိ တောင်သူတစ်ဦး လယ်ထွန်ယက်နေစဉ် / MDN.gov)
August 26, 2026
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်များတွင်...
ဓာတ်ပုံ – (တမူး - ကလေးလမ်းပိုင်းတိုက်ပွဲအတွင်း ပျက်စီးသွားသည့် နန်မွန်းတားတံတား ပြုပြင်နေစဉ်/ Crd)
August 26, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ သွား...
ဓာတ်ပုံ - Thingsai Tlaizawng / မီဇိုရမ်ပြည်နယ်အတွင်း ဖမ်းဆီးရမိသည့် လက်နက်ခဲယမ်းများ
August 25, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ရက်ပိုင်းခြား၍ မြန်မာနိုင်ငံမှ သယ်ဆောင်လာသည်ဟု ယူဆရသော သေနတ်...
August 24, 2026
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် မုံရွာခရိုင် ၅+၁ တပ်ဖွဲ့ဝင် နှစ်ဦးနှင့်...