မွန်အမျိုးသားစာသင်ကျောင်းက ကျောင်းသူကျောင်းသားတွေကို ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးဖို့ စာရင်းကောက်ယူနေ

မွန်အမျိုးသားစာသင်ကျောင်းက ကျောင်းသူကျောင်းသားတွေကို ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးဖို့ စာရင်းကောက်ယူနေ

မွန်အမျိုးသားစာသင်ကျောင်းက အသက် ၁၂ နှစ်အထက် ကျောင်းသား၊ ကျောင်းသူတွေကို ကိုဗစ်ကာကွယ်ဆေးထိုးပေးဖို့ စာရင်းကောက်ယူနေတယ်လို့ မွန်အမျိုးသားပညာရေးကော်မတီက ပြောပါတယ်။

ကိုဗစ်ကာကွယ်ဆေးထိုးပေးဖို့အတွက် ကျောင်းသူ/ကျောင်သားစာရင်းကို အောက်တိုဘာ ဒုတိယအပတ်က စတင်ကောက်ယူနေတာဖြစ်ပြီး၊ ဆေးထိုးပေးမယ့် ကျောင်းသူ/ကျောင်သားအရေအတွက် စာရင်းအတိအကျမရသေးဘူးလို့ ဆိုပါတယ်။

“မွန်အမျိုးသားကျောင်းတွေက ကျောင်းသား၊ ကျောင်းသူတွေကို ကာကွယ်ဆေးထိုးပေးနိုင်ဖို့အတွက်ကို သူ့နေရာသူ့ဒေသအလိုက် စာရင်းကောက်ခံနေတာ လုပ်ဆောင်နေပါတယ်။ မွန်ပညာရေးဌာနနဲ့ ချိတ်ဆက်ဆွေးနွေးပြီးတော့ ဆေးထိုးဖို့စောင့်နေတာပေါ့နော်။ ဆေးထိုးရမယ့် ကျောင်းသား၊ ကျောင်းသူအရေအတွက်တော့ မသိရသေးပါဘူး” လို့ မွန်ပညာရေးကော်မတီ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

မွန်အမျိုးသားစာသင်ကျောင်းတွေဟာ ကျောင်းသူ/ကျောင်းသားတွေကို ကိုဗစ်ကာကွယ်ဆေးထိုးပြီးသွားရင် ကျောင်းပြန်ဖွင့်ဖို့ စီစဉ်နေတာလည်း ဖြစ်ပါတယ်။

မွန်အမျိုးသားစာသင်ကျောင်းတွေဟာ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းမှာ စာသင်ကျောင်းပေါင်း ၁၃၄ ကျောင်းရှိနေတာဖြစ်ပြီး ကျောင်းသားကျောင်းသား ၁ သောင်းကျော်ကို မွန်စာပေနဲ့ အစိုးရသင်ရိုးညွန်တမ်းတွေကို သင်ကြားပေးနေတာ ဖြစ်ပါတယ်။

 
 

 

 

May 9, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့...
May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...
May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...