စစ်ကောင်စီရဲ့ ဝါဒဖြန့်သတင်းတွေကို ထပ်ဆင့်ဖြန့်ဝေပေးဖို့ Non CDM ဝန်ထမ်းမိသားစုတွေကို စည်းရုံး

စစ်ကောင်စီရဲ့ ဝါဒဖြန့်သတင်းတွေကို ထပ်ဆင့်ဖြန့်ဝေပေးဖို့ Non CDM ဝန်ထမ်းမိသားစုတွေကို စည်းရုံး

လူမှုကွန်ယက် Facebook စာမျက်နှာမှာ စစ်ကောင်စီရဲ့ ဝါဒဖြန့်သတင်းတွေကို Non CDM ဝန်ထမ်းတွေရဲ့ မိသားစုဝင်တွေပါ ထပ်ဆင့်မျှဝေပေးကြဖို့ စစ်ကောင်စီဘက်က စည်းရုံးခိုင်းနေတယ်လို့ ရုံးတက်နေတဲ့ ဝန်ထမ်းတွေက ပြောပါတယ်။

အာဏသိမ်း စစ်ကောင်စီဟာ Non CDM နိုင်ငံဝန်ထမ်းတွေရဲ့ မိသားစုဝင်တွေကို သူတို့ဖော်ပြနေတဲ့ ဝါဒဖြန့်သတင်းတွေအား ထပ်ဆင့်မျှဝေတာ၊ ကူးယူဖော်ပြတာနဲ့ စစ်အုပ်စုကိုထောက်ခံတဲ့ အကြုံပြုချက်တွေ ရေးသားဖော်ပြမှုတွေမှာ ပါဝင်ပေးဖို့ ဝန်ထမ်းတွေကနေတဆင့် ပြောဆိုစည်းရုံးခိုင်းနေတာ ဖြစ်ပါတယ်။

စစ်ကောင်စီက သူတိုရဲ့ ဝါဒဖြန့်သတင်းကို မိသားစုဝင်တွေအား ထပ်ဆင့်မျှဝေတာတွေလုပ်ဖို့ စည်းရုံးခိုင်းနေပြီး မဖြစ်မနေလုပ်ကြဖို့တော့ ညွှန်ကြားထားတာ မရှိဘူးလို့ ရုံးတက်နေတဲ့ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

”စစ်ကောင်စီက လုပ်နေတဲ့အကြောင်းအရာတွေကို မျှဝေဖို့၊ ဖော်ပြဖို့၊ ကောင်းတဲ့ အကြုံပြုချက်တွေရေးဖို့ရယ်၊ နောက်ပြီး NUG အစိုးရရဲ့ လုပ်ဆောင်မှုတွေဆိုရင် ပြည်သူတွေ ဒုက္ခရောက်အောင် အကြမ်းဖက်လုပ်ဆောင်နေတဲ့အဖွဲ့တွေကို ရှုတ်ချကြောင်း၊ ဒီအဖွဲ့တွေကြောင့် ပြည်သူတွေ ဒုက္ခရောက်နေကြပြီး သတင်းအမှားတွေ ဖြန့်နေတယ်ပေါ့၊ အဲဒီတွေနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့နဲ့ ပတ်သက်တဲ့ သူငယ်ချင်းအပေါင်းအသင်းတွေ မိသားစုဝင်တွေရဲ့ Facebook စာမျက်နှာကနေတဆင့် ရေးသားဖော်ပြအကြုံပြုချက်ရေးကြဖို့ ပူးပေါင်းလုပ်ဆောင်ဖို့ကို ပြောတာပေါ့” လို့ ဆိုပါတယ်။

လက်ရှိမှာတော့ အာဏာသိမ်း စစ်ကောင်စီဟာ NUG အစိုးရနဲ့ ဆက်စပ်အဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်ချက်တွေဟာ အကြမ်းဖက် လုပ်ရပ်တွေသာဖြစ်ကြောင်း နေ့စဉ်ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ နေ့စဉ်ဖြန့်ဝေတဲ့ ဝါဒဖြန့်သတင်းတွေကိုတော့ Non CDM ဝန်ထမ်းတွေအနေနဲ့ ထပ်ဆင့်မျှဝေတာတွေ လုပ်ကြဖို့ ညွှန်ကြားထားပြီး အခုအခါမှာတော့ ဝန်ထမ်းမိသားစုဝင်တွေပါ ပါဝင်ဖို့ စည်းရုံးလာတာဖြစ်ပါတယ်။

 
 

 

 

May 9, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့...
May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...
May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...