နောင်မွန်မြို့မှ ဖမ်းဆီးခံရသည့် ဆရာတော် ၃ ဦး ပြန်လည်လွတ်မြောက်လာ

နောင်မွန်မြို့မှ ဖမ်းဆီးခံရသည့် ဆရာတော် ၃ ဦး ပြန်လည်လွတ်မြောက်လာ

ပူတာအိုခရိုင် နောင်မွန်မြို့မှ အာဏာသိမ်းစစ်ကောင်စီ၏ မတရားဖမ်းဆီး ချုပ်နှောင်ခံထားရသော ကချင်ခရစ်ယာန်ဓမ္မဆရာတော် ၃ ပါး အောက်တိုဘာ ၁၈ ရက် ညနေ ၅ နာရီဝန်းကျင်က အကျဉ်ထောင်မှ ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း သိရသည်။

လွတ်မြောက်လာသည့် ဓမ္မဆရာတော် ၃ ဦးမှာ ပြီးခဲ့သော မေလ ၂၈ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရပြီး ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်တရားစွဲဆိုထားခံခဲ့ရကာ ၅ လခန့်ကြာ ဖမ်းဆီးချုပ်နှောင်ခြင်းခံရခြင်းမှ ပြန်လည်လွတ်မြောက်လာခြင်းဖြစ်သည်။

“ဆရာ ၃ ယောက်စလုံးက ညနေပိုင်း လွတ်မြောက်လာပြီ။ ဆရာ ၃ ယောက်စလုံးက ကျန်းမာစွာရှိပါတယ်” ဟု ပူတာအိုဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့ပါသည်။

ပြီးခဲ့သော မတ်လ ၃ ရက်နေ့က နောင်မွန်လူငယ်များ ဦးစီးပြုလုပ်သည့် ‘မြန်မာနိုင်ငံတရားမျှတမှုအမြန်ဆုံး ရောက်ရှိလာနိုင်ရေး’ ခေါင်းစဉ်ဖြင့် ဘာသာပေါင်းစုံ ဆုတောင်းပွဲအစီအစဉ်တွင် တက်ရောက်ခဲ့သောကြောင့် ဆရာတော် ၃ ပါး ဖမ်းဆီးခံရခြင်းဖြစ်သည်။

ဆရာတော် ၃ ပါးမှာ ဆရာတော် ဂိုရှန်ဆင်ဆားရ် (နှစ်ခြင်းခရစ်ယာန်အသင်းတော်)၊ ဆရာတော်ဇဂေါန်ထီန (ခရစ်တော်၏အသင်းတော်)၊ သိက္ခတော်ရဆရာတော် မဟောင်ဒီ (ရဝမ်နှစ်ခြင်းအသင်းတော်) တို့မှ ဖြစ်ကြသည်။

ပူတာအိုအကျဉ်ထောင်မှ လွတ်မြောက်လာသူများထဲတွင် ဆရာတော် ၃ ဦးအပြင် ပူတာအိုမြို့မှ သွားဆရာဝန်တစ်ဦးဖြစ်သည့် ဟိန်းသူရဇော်လည်း လွတ်မြောက်ခဲ့ရာတွင် ပါဝင်ခဲ့ကြောင်း ဆက်လက်သိရသည်။

ပူတာအိုခရိုင်တွင် စစ်အာဏာရှင်ကိုဆန့်ကျင်ရင်း ဖမ်းဆီးခံရသော လူငယ်အချို့မှာ လွတ်မြောက်လာခြင်းမရှိသေးကြောင်း သိရသည်။

 
 

 

 

Most read this week

ကချင်ပြည်၊ ဝိုင်းမော်မြို့အတွင်း ART ဆေး ရရှိနိုင်သည့် ကျန်းမာရေးစင်တာတစ်ခုအား တွေ့ရစဉ်။ / Crd
September 18, 2026
ကချင်ပြည်အတွင်း HIV ပိုးထိန်းဆေး (ART) ပြတ်လပ်နေသည့်အတွက် HIV လူနာများအကြား စိုးရိမ်မှု...
ကချင်ပြည်၊ ပူတာအိုမြို့နယ်ရှိ ပူတာအို လေယာဉ်ကွင်းကို တွေ့ရစဉ်။ / Crd
September 17, 2026
ကချင်ပြည်နယ်၊ ပူတာအို - မြစ်ကြီးနား ကားလမ်းပိုင်းတွင် စစ်အုပ်စုတပ်က ခရီးသွားပြည်သူများအပေါ် တား...
မြစ်ကြီးနားမြို့နယ် သစ်သျှူးငှက်ပျောခြံအတွင်း သေနတ်ထိမှန် သေဆုံးခဲ့သည့် တရုတ်အမျိုးသား တစ်ဦး၏ ရုပ်အလောင်းကို တွေ့ရစဉ်။ / Crd
September 17, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့ပေါ်ရှိ ပရဟိတ လူမှုကူညီရေးအသင်းများကို ရဲအရေးပိုင် မှုခင်းများနှင့်...
မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်းကျေးရွာအတွင်း ရွှေတူးဖော်နေသည်ကို တွေ့ရစဉ် / Credit
September 16, 2026
ကချင်ပြည်၊ မချမ်းဘော့မြို့နယ်ရှိ ဆင်လုံဒမ်းကျေးရွာကို ဖြတ်သန်းစီးဆင်းနေသည့်...