ပန်ဆိုင်း (ကြူကုတ်) တိုက်ပွဲမှာ အရပ်သားပြည်သူ ၃ ဦး သေဆုံး

ပန်ဆိုင်း (ကြူကုတ်) တိုက်ပွဲမှာ အရပ်သားပြည်သူ ၃ ဦး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း ပန်ဆိုင်းမြို့နယ်ခွဲမှာ အောက်တိုဘာ ၁၇ ရက်နေ့ စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့ တိုက်ပွဲမှာ အရပ်သားပြည်သူ ၃ ဦး သေဆုံးခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ပန်ဆိုင်းမြို့ ရပ်ကွက် ၅ က အသက် ၆၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးရဲ့ နေအိမ်ထဲထိ လက်နက်ကြီးကျခဲ့တာကြောင်း သေဆုံးသွားတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"တရုတ်အမျိုးသမီး။ အသက် ၆၂ နှစ်။ ကျည်ဆံ တိုက်ရိုက် အိမ်ထဲကိုဝင်တာ။ ရပ်ကွက် ၅ က။ မီးဖိုချောင်မှာ လက်နက်ကြီးလာကျတာ" လို့ လက်နက်ကြီးကျည် ထိမှန်တာဖြစ်ကြောင်း သူက ရင်းပြပါတယ်။

ဒါ့အပြင် ပန်ဆိုင်းမြို့အထွက် ရွှေညောင်ပင် ဆီဆိုင်အဟောင်း ညောင်ပင်ကုန်း၊ ပန်ဆိုင်း မုခ်ဦးဆိုင်းဘုတ်နားမှာလည်း ပစ်ခတ်မှုကြောင့် ဆိုင်ကယ်ဖြင့် အိမ်ပြန်လာသော တရုတ်မိန်းကလေး ၂ ဦး ထပ်မံသေဆုံးခဲ့တယ်လို့ ပန်ဆိုင်းမြို့ခံတစ်ဦးက ဆိုပါတယ်။

"တရုတ်မလေး ၂ ယောက် ညနေပိုင်း တိုက်ပွဲဖြစ်နေတဲ့အချိန် သွားခွင့်မပြုတာကို သွားလိုက်လို့ ကျည်ထိမှန်သွားတာ။ မိန်းခလေး ၂ ယောက်။ ဟိုဘက်ခြမ်း၊ ဒီဘက်ခြမ်း ပစ်နေတဲ့အချိန်မှာ တရုတ်မ ၂ ယောက်က ကြောက်လို့လား၊ မသိလို့လား ဖြတ်သွားတဲ့အချိန် ကျည်ထိသွားတာ။ သေသွားတယ်။ ခုထိ အလောင်းမကောက်ရသေးဘူး။" လို့ ယမန်နေ့ အောက်တိုဘာလ ၁၈ ရက်နေ့ထိ အလောင်းမကောက်နိုင်ခဲ့ကြောင်း သူက ပြောပါတယ်။

 

သေဆုံးသွားတဲ့ လူငယ်အမျိုးသမီး ၂ ဦးသည် ပန်ဆိုင်းမြို့နယ်ခွဲ၊ မိုင်ဖန်ကျေးရွာအုပ်စု၊ လုံဂျာရွာလိပ်စာပါ မှတ်ပုံတင်ကိုင်ဆောင်ထားသူတွေ ဖြစ်ပြီး ကိုဗစ်ကာကွယ်ဆေး ထိုးနှံထားတဲ့ လက်မှတ်ပါ ပါတယ်လို့ ဆိုပါတယ်။

တိုက်ပွဲ‌ကြောင့် ပန်ဆိုင်း (ကြူကုတ်) မြို့နယ်မှာ ဩဂုတ်လ ၃၀ ရက်နေ့မှ အောက်တိုဘာလ ၁၇ ရက်နေ့အထိ လက်နက်ကျည် ထိမှန်သေဆုံးသူ အမျိုးသမီး ၅ ဦး၊ လက်နက်ကျည် ရှပ်ထိဒဏ်ရာရရှိသူ အမျိုးသား ၂ ဦး ရှိပြီဖြစ်ပါတယ်။

 
 

 

 

May 7, 2026
စစ်ကိုင်းတိုင်း မော်လူးမြို့ကိုဝင်ရောက်ထိန်းချုပ်ခဲ့တဲ့ စစ်ကော်မရှင် စစ်ကြောင်းဟာ...
May 6, 2026
မြစ်ကြီးနား လေကြောင်းခရီးစဉ်တွေမှာ လေယာဉ်လက်မှတ်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတာကြောင့်...
May 5, 2026
အမိုး — စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့နယ်အတွင်းမှာရှိတဲ့ Star Link Wifi...
May 1, 2026
ကချင်ပြည်နယ်၊ မချမ်းဘော့မြို့နယ် အရှေဘက် အလန်ဂါးကျေးရွာအဝင်က...