ကျောက်ဆင်ကျေးရွာ စာသင်ကျောင်းမှာ စစ်ကောင်စီတပ်စွဲပြီး ဒေသခံတွေကို ဖမ်းဆီးစစ်ဆေးနေ

ကျောက်ဆင်ကျေးရွာ စာသင်ကျောင်းမှာ စစ်ကောင်စီတပ်စွဲပြီး ဒေသခံတွေကို ဖမ်းဆီးစစ်ဆေးနေ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်၊ ကျောက်ဆင်ကျေးရွာရှိ စာသင်ကျောင်းမှာ စစ်ကောင်စီတပ်စွဲနေထိုင်ပြီး ဒေသခံတွေကို ဖမ်းဆီးစစ်ဆေးမှုတွေလုပ်နေတယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၁၁ ရက်နေ့က ပျူစောထီးအဖွဲ့ဝင် ကျောက်ဆင်ကျေးရွာအုပ်ချုပ်ရေးမှူး အသတ်ခံရပြီးနောက်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲဝင် အင်အား ၂၀ ခန့် ရောက်ရှိနေထိုင်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်ရှိပြီးနောက်ပိုင်း မောင်းမကန်၊ ကျောက်ဆင်၊ သဘော့ဆိပ်၊ ပြင်ကြီးကျေးရွာတွေက ဒေသခံတွေနဲ့ NLD ပါတီဝင်တို့ရဲ့ နေအိမ်တွေကို ဝင်ရောက်ရှာဖွေတာ၊ ဖမ်းဆီးတာတွေလုပ်နေတာကြောင့် NLD ပါတီဝင်များအပါအဝင် ဒေသခံ ၂၀ ကျော် ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရသူတွေအနက်က အချို့ကို ပြန်လွှတ်ပေးခဲ့တာတွေရှိသလို နေအိမ်တွေမှာ ဝင်ရောက်ဖမ်းစဉ်တုန်းက အချို့နေအိမ်ထဲတွေက ပစ္စည်းတွေကို ဖျက်စီးခဲ့တာတွေရှိတယ်လို့ သိရပါတယ်။

“ရီဦးအသတ်ခံရပြီးနောက်ပိုင်း တော်တော်အဖမ်းခံရတယ်။ ပြန်လွှတ်ပေးလိုက်တဲ့သူက အနည်းငယ်ဘဲရှိတယ်။ သူတို့တွေလဲ စစ်ဆေးခံရတုန်းက ရိုက်နှက်ခံရတာတွေရှိတယ်လို့ သိရတယ်။ စကစတွေနဲ့ ပျူစောထီးတွေပေါင်းပြီး ဒေသခံတွေကို တော်တော်လေး စစ်ဆေးဒုက္ခပေးနေကြတယ်”လို့ ဒေသခံတစ်ဦးက သံလွင်တိုင်မ်းကို ပြောပါတယ်။

ဖမ်းဆီးစစ်ဆေးသူတွေကို စစ်ကောင်စီတပ်စွဲထားတဲ့စာသင်ကျောင်းမှာ စစ်ဆေးပြီး မောင်းမကန်ရဲစခန်းမှာ ချုပ်နှောင်ထားတယ်လို့ သိရပါတယ်။

လောင်းလုံမြို့နယ်မှာ အုပ်ချုပ်ရေးမှူးတွေ အသတ်ခံရပေမယ့် သေဆုံးသူတွေနေရာမှာ ပျူ စောထီးအဖွဲ့တွေက နေရာယူလုပ်ကိုင်နေတာတွေရှိတယ်လို့ သိရပါတယ်။

 
 

 

 

July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...
July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...