၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် တင်ဒါလုပ်ငန်းဆွဲယူလုပ်ကိုင်သူများကို အရေးယူသွားမည်

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် တင်ဒါလုပ်ငန်းဆွဲယူလုပ်ကိုင်သူများကို အရေးယူသွားမည်

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်ရဲ့ တနင်္သာရီတိုင်းဒေသကြီးအတွင်းမှာ စစ်ကောင်စီကခေါ်ယူတဲ့ တင်ဒါလုပ်ငန်းများကို ဆွဲယူလုပ်ကိုင်သူများအားလုံးကို ပြင်းထန်စွာအရေးယူသွားမယ်လို့ တနင်္သာရီတိုင်းဒေသအတွင်းရှိ Underground PDF အဖွဲ့မှ အောက်တိုဘာလ ၁၈ ရက်နေ့က သတိပေးလိုက်တာဖြစ်ပါတယ်။

ပြည်သူအစိုးရကနေ တရားဝင်ခေါ်ယူသော လုပ်ငန်းတွေမဟုတ်တဲ့အတွက် တင်ဒါလုပ်ငန်းဆွဲယူလုပ်ကိုင်မယ့် မည်သည့်ကုမ္ပဏီ၊ လုပ်ငန်းရှင်များကိုမဆို စစ်ကောင်စီနဲ့ပူးပေါင်းသူ၊ စစ်ကောင်စီထောက်တိုင်တွေအဖြစ် သတ်မှတ်သွားမယ်လို့ ဆိုပါတယ်။

စစ်ကောင်စီနဲ့ပူးပေါင်းဆောင်ရွက်တဲ့ ကုမ္ပဏီလုပ်ငန်းရှင်တွေကို Underground PDF တွေက ပြင်းထန်စွာ အရေးယူမှာဖြစ်တယ်လို သိရပါတယ်။

လာမည့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွက် တနင်္သာရီတိုင်းဒေသကြီးအတွင်းမှာ ကျန်းမာရေ၊ ပညာရေး၊ လမ်းတံတား၊ လျှပ်စစ်အပါအဝင် ကဏ္ဍစုံလုပ်ငန်းတွေရဲ တင်ဒါခေါ်ယူခြင်းကို ဌာနအလိုက် လုပ်ဆောင်နေပြီလို့ သိရပါတယ်။

အဆိုပါ လုပ်ငန်းတွေအတွက် ဝင်ရောက်တင်ဒါဆွဲဝယ်တဲ့ ကုမ္ပဏီလုပ်ငန်းပေါင်း ၅၀ ကျော်ရှိတယ်လို့လည်း သိရပါတယ်။

 
 

 

 

July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...
July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...