မွန်ပြည်နယ်က ဖမ်းဆီးခံထားရသူ (၂၀၀) ကျော် ပြန်လည်လွတ်မြောက်

မွန်ပြည်နယ်က ဖမ်းဆီးခံထားရသူ (၂၀၀) ကျော် ပြန်လည်လွတ်မြောက်

မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့တဲ့အတွက်ဖမ်းဆီးခံရသူ ၄၀၀ ကျော်ရှိပြီး၊ အဲဒီထဲက ၂၀၀ ကျော်ကို စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့ပါတယ်။

စစ်အာဏာရှင် ဆန့်ကျင်းရေး ဆန္ဒပြပွဲပါဝင်ပြီးနောက် ပြစ်ဒဏ်ကျခံနေရသူ (၃၅) ဦးနဲ့ အမှုဖွင့်ရင်ဆိုင်နေရသူ (၁၈၀) ကျော်ကို အောက်တိုဘာ ၁၈ ရက်နေ့ နဲ့ ၁၉ ရက်နေ့ နှစ်ရက်ခွဲပြီး ပြန်လွှတ်ပေးခဲ့တာဖြစ်တယ်လို့ မွန်ပြည်နယ်အကျဉ်းဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

“အခု (၄၀၀) ကျော် ရှိတဲ့သူတွေထဲက (၂၀၀) ကျော် လွှတ်ပေးလိုက်တာပေါ့၊ နိုင်ငံရေး သမားထဲက လွှတ်တော်ကိုယ်စားလှယ်တွေထဲက ဝန်ကြီးထဲက တို့ဆီမှာ (၁) ယောက်မှ မပါသေးဘူး၊ ပါတဲ့သူကတော့ ၅၀၅ (က) ပဲ တွေ့တယ်၊ အဲ့တာပဲ အကုန်လုံးက၊ သူတို့ အကုန် လွှတ်ပြီးသွားပြီးဗျ” လို့ မွန်ပြည်နယ် အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက‌ ပြောပါတယ်။

ပြန်လွှတ်ပေးတဲ့အထဲမှာ သပိတ်ခေါင်းဆောင်တွေ၊ တက္ကသိုလ်ကျောင်းသူ၊ ကျောင်သားတွေနဲ့ NLD ပါတီ ထောက်ခံသူတချို့ ပါဝင်ပါတယ်။

ပြစ်ဒဏ်ကျခံခဲ့ရသူတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ပေမယ့် နောက်တစ်ကြိမ် ပြစ်မှုကျူးလွန်ပါက အဲ့ဒီပြစ်ဒဏ်အပြင် ကျန်ရှိတဲ့ ပြစ်ဒဏ်ကိုပါ ဆက်လက်ကျခံရမှာဖြစ်တယ်လို့ စစ်ကောင်စီက ဆိုထားပါတယ်။

မွန်ပြည်နယ်မှာတော့ ယနေ့အချိန်ထိ ဆန္ဒဖော်ထုတ်မှုမှာ ပါဝင်ခဲ့လို့ ဖမ်းဆီးခံထားရသူ ၂၀၀ ကျော်က ချုပ်နှောင်ခံထားရဆဲ ဖြစ်ပါတယ်။

 
 

 

 

Most read this week

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...