ကိုဗစ်ရောဂါပိုး တွေ့ရှိမှုနှုန်း ၅ ရာခိုင်နှုန်းအောက်ရောက်မှ ဈေးတွေ ပြန်ဖွင့်ပေးမယ်လို့ စစ်ကောင်စီပြော

ကိုဗစ်ရောဂါပိုး တွေ့ရှိမှုနှုန်း ၅ ရာခိုင်နှုန်းအောက်ရောက်မှ ဈေးတွေ ပြန်ဖွင့်ပေးမယ်လို့ စစ်ကောင်စီပြော

မွန်ပြည်နယ်မှာ Stay at Home သတ်မှတ်ထားတဲ့ မြို့နယ်တွေက ဈေးတွေမှာ ကိုဗစ်ရောဂါပိုး တွေ့ရှိမှုနှုန်း ၅ ရာခိုင်နှုန်း အောက်ရောက်မှ ပြန်လည် ဖွင့်လှစ်ရောင်းချခွင့်ပေးအပ်သွားမယ်လို့ စစ်ကောင်စီလက်အောက်ခံ ပြည်နယ်ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

လက်ရှိမှာတော့ Stay at Home မြို့နယ်တွေက ဈေးသူဈေသားတွေကို ကိုဗစ်ရောဂါပိုး ရှိ/မရှိ စစ်ဆေးဖို့နဲ့ တွေ့ရှိမှုနှုန်း ပြန်လည်တင်ပြပေးဖို့ ကျန်းမာရေးဦးစီးဌာနက ညွှန်ကြားထားတယ်လို့ မော်လမြိုင် အမှတ် (၁) ဈေးကော်မတီ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ကျွန်တော်တို့ အမှတ် (၁) ပြည်သူဈေမှာက နှာခေါင်းတို့ဖတ်ယူတာ (၂) ကြိမ်ရှိပြီး။ ပထမအကြိမ်က လူ (၂၀၀) ကျော်လောက်စစ်ခဲ့တယ်။ ဒုတိယအကြိမ်က လူ (၁၀၀) ကျော်ကို စစ်ဆေးခဲ့တယ်ပေါ့လေ။ အဲ့ဒါနဲ့ကျန်းမာရေးဌာနကပြောတာက လူများများနဲ့နောက်ထပ်တစ်ကြိမ်လောက် ပြန်စစ်ပေးပါလားလို့ ပြောလာတော့ ဈေးကော်မတီကနေ လူစာရင်းတွေလိုက်လံကောက်ခံနေပါတယ်” လို့ ဆိုပါတယ်။

မွန်ပြည်နယ်အတွင်းက  Stay at Home သတ်မှတ်ထားတဲ့ မြို့နယ်တွေရှိ ဈေးတွေမှာတော့ ဆေးဝါးနဲ့ အခြေခံစားသောက်ကုန်တွေကိုသာ ဖွင့်လှစ်ရောင်းချခွင့်ပေးအပ်ထားပြီး တခြားကုန်ပစ္စည်းတွေကိုတော့ ဈေးရောင်းချခွင့် ကန့်သတ်ထားတာ ဖြစ်ပါတယ်။

အဲဒီလို အခြေအနေကြောင့် ဈေးတွေအပေါ် မှီခိုလုပ်ကိုင်နေတဲ့ အလုပ်သမား ထောင်နဲ့ချီပြီး မိသားစုစားဝတ်နေရေးအခက်အခဲ ဖြစ်နေတာပါ။

မွန်ပြည်နယ်မှာတော့ မော်လမြိုင်၊ သထုံနဲ့ သံဖြူဇရပ်အပါအဝင် မြို့နယ် ၅ မြို့နယ်ကို နေအိမ်အတွင်းနေထိုင်ကြဖို့ Stay at Home  သတ်မှတ်ထားတာပါ။

July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...
July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...