လှည်းကူးမြို့နယ်တွင် ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်း

လှည်းကူးမြို့နယ်တွင် ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်း

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်တွင် ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို အောက်တိုဘာ ၂၀ ရက် ရက်စွဲဖြင့် ဖွဲ့စည်းလိုက်ကြောင်း ယနေ့ ထုတ်ပြန်ထားသည်။

အဆိုပါအဖွဲ့တွင် မြို့မိမြို့ဖများ၊ မြို့နေပြည်သူလူထုများ၊ တော်လှန်ရေးတွင် တက်ကြွစွာလှုပ်ရှားပါဝင်သော လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့များ၊ ဌာနဆိုင်ရာအသီးသီးမှ CDM ပြည်သူ့ဝန်ထမ်းများနှင့် လှည်းကူးမြို့နယ်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များ ပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

"ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အနေနဲ့ စစ်အာဏာရှင် စနစ်ကျဆုံးရေး၊ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်ရေး၊ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာ ပါဝင်နေတဲ့ ပြည်သူ့ ဝန်ထမ်းတွေကို ကူညီထောက်ပံ့ရေး၊ ပြည်သူများရဲ့ အသံကို နားထောင်ပြီး လိုအပ်ချက်တွေ ကူညီနိုင်ရေး၊ ပြည်သူ့အာဏာ ပြည်သူများထံ ပြန်လည်တည်တံ့စေရေး စတဲ့ ရည်ရွယ်ချက်တွေကို အကောင်အထည်ဖော် ဆောင်ရွက်သွားမှာပါ" ဟု ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ယခု ဖွဲ့စည်းလိုက်သည့် အုပ်ချုပ်ရေးအဖွဲ့ကို အလုံးစုံ ကာကွယ်ပေးသွားမည် ဖြစ်ကြောင်းလည်း လှည်းကူး မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။

"ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့အနေနဲ့ ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးမှာ အုပ်ချုပ်ရေး မဏ္ဍိုင်တွေကို အသက်သွင်းတဲ့နေရာမှာ ဖြစ်ပေါ်လာနိုင်တဲ့ အခက်အခဲတွေအတွက် အလုံးစုံ တာဝန်ယူမှာ ဖြစ်ပါတယ်။ မတရားအာဏာသိမ်း၊ အာဏာရူးကောင်တွေကို ပြစ်ဒဏ် စီရင်တာတွေ တရားစွဲဆိုတာတွေ ပြုလုပ်ရာမှာလည်း ဒီကြားကာလတစ်ဖွဲ့လုံးနဲ့ သက်သေဖြစ်တဲ့ ပြည်သူတစ်ရပ်လုံးကို အဆုံးစွန်အထိ ကာကွယ်ပေးကြမယ့် အဖွဲ့အစည်းပါ“ ဟု လှည်းကူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တာဝန်ရှိသူက ဆိုသည်။

ပြည်သူတစ်ရပ်လုံးကလည်း ပူးပေါင်းဆောင်ရွက်ပေးပါရန် လှည်းကူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်တွန်းထားသည်။

 
 

 

 

August 1, 2026
စစ်အုပ်စုနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ချင်းညီနောင် (CB) အဖွဲ့ဝင်ဖြစ်သည့်...
July 31, 2026
စစ်အုပ်စုတပ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ရန်ကုန်နေအိမ်သို့...
July 30, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်အုပ်စုက ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့မှစ၍ ဇူလိုင်လ ၂၉ ရက်နေ့...
July 30, 2026
မလေးရှားအစိုးရက ဒုက္ခသည်များအပေါ် ထားရှိသည့် မူဝါဒများကို တင်းကျပ်လာနေသည့် အခြေအနေများ ကြောင့်...