ကော့မှူးမြို့နယ်ရှိ မိုင်တဲတာဝါတိုင် မိုင်းခွဲတိုက်ခိုက်ခံရ

ကော့မှူးမြို့နယ်ရှိ မိုင်တဲတာဝါတိုင် မိုင်းခွဲတိုက်ခိုက်ခံရ

ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ် စပါယ်ကြီးကျေးရွာရှိ မိုင်တဲတာဝါတိုင်ကို အောက်တိုဘာလ ၁၇ ရက် ည ၇ နာရီဝန်းကျင်တွင် United Democratic Force (UDF) အဖွဲ့က ဖောက်ခွဲဖျက်ဆီးလိုက်ကြောင်း ယမန်နေ့ အောက်တိုဘာ ၁၈ ရက် ညပိုင်းက ထုတ်ပြန်ထားသည်။

"ထရန်စဖော်မာတွေ မီးလောင် ပျက်စီးတယ်။ လက်လုပ် မီးလောင်ဗုံးသုံးပြီး ဖောက်ခွဲခဲ့တာပါ" ဟု UDF အဖွဲ့ဝင်တစ်ဦးက ပြောသည်။

အောက်တိုဘာလ ၆ ရက်ကလည်း UDF အဖွဲ့၀င်များက ကော့မှူးမြို့နယ် မှော်တောကျေးရွာတွင် စစ်ကောင်စီ သတင်းပေးဒလန် ပျူစောထီးအဖွဲ့ဝင်ဆိုသူ သုံးဦးကို သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၎င်းတို့၏ ခြေထောက်နှင့်လက်တို့တွင် ထိခိုက်ဒဏ်ရာရရှိသွားသည်ဟု ၎င်းကပြောသည်။

ယင်းပစ်ခတ်မှုအပြီး လာရောက်ကူညီသည့် စစ်ကောင်စီ၏ စစ်ကားတစ်စီးကိုလည်း မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်ဟု သိရသည်။

လက်ရှိတွင် UDF အဖွဲ့သည် ကော့မှူးမြို့နယ်အတွင်းရှိ မိုင်တဲတာဝါတိုင်နှစ်တိုင်ကို ဖောက်ခွဲဖျက်ဆီးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

Most read this week

ဓာတ်ပုံ - (စစ်ကိုင်းတိုင်းရှိ တောင်သူတစ်ဦး လယ်ထွန်ယက်နေစဉ် / MDN.gov)
August 26, 2026
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်များတွင်...
ဓာတ်ပုံ – (တမူး - ကလေးလမ်းပိုင်းတိုက်ပွဲအတွင်း ပျက်စီးသွားသည့် နန်မွန်းတားတံတား ပြုပြင်နေစဉ်/ Crd)
August 26, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ သွား...
ဓာတ်ပုံ - Thingsai Tlaizawng / မီဇိုရမ်ပြည်နယ်အတွင်း ဖမ်းဆီးရမိသည့် လက်နက်ခဲယမ်းများ
August 25, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ရက်ပိုင်းခြား၍ မြန်မာနိုင်ငံမှ သယ်ဆောင်လာသည်ဟု ယူဆရသော သေနတ်...
August 24, 2026
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် မုံရွာခရိုင် ၅+၁ တပ်ဖွဲ့ဝင် နှစ်ဦးနှင့်...