စစ်အာဏာသိမ်းမှုဆန့်ကျင်၍ စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်နှင့်အတူ ထောင်ချခံထားရသည့် ကိုသန့်ဇင်ဖြိုး လွတ်မြောက်လာ

စစ်အာဏာသိမ်းမှုဆန့်ကျင်၍ စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်နှင့်အတူ ထောင်ချခံထားရသည့် ကိုသန့်ဇင်ဖြိုး လွတ်မြောက်လာ

ရခို်င်ပြည်နယ် တောင်ကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်နှင့်အတူ စစ်အာဏာသိမ်းမှုဆန့်ကျင်၍ အလုပ်ကြမ်းနှင့်ထောင်ဒဏ်ချမှတ်ခံထားရသည့် ကိုသန့်ဇင်ဖြိုးသည် ယနေ့ညနေပို်င်းတွင် ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

သူသည် ယနေ့ အောက်တိုဘာ ၁၈ ရက်ညနေ ၃ နာရီခန့်တွင် သံတွဲအကျဉ်းထောင်မှ လွတ်မြောက်လာခဲ့ခြင်းဖြစ်ကြောင်း နိရဥ္စရာအားပြောသည်။

ကိုသန့်ဇင်ဖြိုးက “နိုင်ငံရေးအားပြိုင်မှုတွေကြောင့် မလွတ်သေးတဲ့နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်စေချင်တယ်။ တိုင်းပြည်လည်း အေးချမ်းစေချင်ပါတယ်” ဟု ပြောသည်။

နိုင်ငံရေးမတည်ငြိမ်မှုများအတွင်း အကျဉ်းထောင် အချုပ်ထောင်/စခန်းအသီးသီးမှာ အကျဉ်းကျခံနေကြရသည့် အကျဉ်းသား/ အကျဉ်းသူ (၁၃၁၆) ဦးနှင့် အကြမ်းဖက်မှုပုဒ်မ ၅၀၅ နှင့် တရားစွဲဆိုခံထားရသူ ၄၃၂၀ ဦးတို့၏အမှုများကို နစကကောင်စီက ယနေ့တွင် အမှုပိတ်သိမ်းပြီး လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ပြီးနောက် ယခုကဲ့သို့ လွတ်မြောက်လာခြင်းဖြစ်သည်။

ယခုလွတ်မြောက်ရာတွင် သူနှင့်အတူ ထောင်ချခံထားရသည့် စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်လွတ်မြောက်လာခြင်းမရှိသေးဟု ပြောသည်။

ကိုသန့်ဇင်ဖြိုးသည် စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်နှင့်အတူ စစ်အာဏာဆန့်ကျင်ဆန္ဒပြမှုကြောင့် ဖေဖော်ဝါရီလ (၉) ရက်တွင် ဖမ််းဆီးခံခဲ့ရခြင်းဖြစ်သည်။

ယင်းနောက် ၎င်းတို့ ၂ ဦးသည် လွန်ခဲ့သည့် စက်တင်ဘာလ ၁၇ ရက်က တောင်ကုတ်မြို့နယ်တရားရုံးက ငြိမ်းစုစီပုဒ်မ ၁၉၊ ဘေးစီမံပုဒ်မ-၂၅ တို့ဖြင့် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၂ နှစ်နှင့် ၂ လစီ ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။

ယနေ့သံတွဲမှ လွတ်မြောက်သူများတွင် ကိုသန့်ဇင်ဖြိုးနှင့်အတူ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ဆန္ဒပြ၍ ထောင်ချခံထားရသည့် ဂွမြို့နယ်မှ ၂ဝ၂ဝ ရွေးကောက်ပွဲအနိုင်ရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲခေါင်ညွန့်၊ ဂွမြို့ ရွာမရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးလူနီနှင့် ဆန္ဒပြရာတွင်ဝန်းရံခဲ့သူ ကိုအောင်စိုးမိုးတို့လည်း ပါဝင်ခဲ့သည်။

ဂွမြို့မှ ၃ ဦးမှာ သံတွဲထောင်သို့ပို့ဆောင်ခြင်းမခံရမီ သံတွဲမြို့ရှိ Quarantine center တစ်ခုမှ လွတ်မြောက်လာခဲ့ခြင်းဖြစ်သည်

 
 

 

 

Most read this week

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...