ပြည်သူလူထုအိုးအိမ် လုံခြုံဖို့အတွက် ပန်ကန်းဂိတ်ဟောင်းကို KNDF B-09 က ညချိန်ပိတ်ထား

ပြည်သူလူထုအိုးအိမ် လုံခြုံဖို့အတွက် ပန်ကန်းဂိတ်ဟောင်းကို KNDF B-09 က ညချိန်ပိတ်ထား

ဒီးမော့ဆိုမြို့နယ်၊ စံပြ ၆ မိုင်ကျေးရွာမှာ ပြည်သူလူထုအိုးအိမ်ကို ဖျက်စီးတဲ့သူတွေရှိနေတဲ့အတွက် ပြည်သူလူထုအိုးအိမ် လုံခြုံဖို့ ပန်ကန်းဂိတ်ဟောင်း လမ်းမကြီးတစ်လျှောက်ကို KNDF BO9 က ယာယီပိတ်ထားလိုက်တယ်လို့ KNDF – BO9 က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

”စစ်ကောင်စီအာဏာမသိမ်းခင်က လွှတ်လပ်လပ်သွားချင်တာပေါ့နော။ ဒါပေမယ့် စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်းမှာ အခွင့်အရေးသမားတွေ အများကြီးယူထားတာတွေ့ရတယ်။ အဲ့တာ သူခိုးတွေဘာတွေ ကျနော်တို့ ကျေးရွာမှာ အိမ်လာဖောက်တယ်။ မကောင်းဘူး။ သိမ်းထားတဲ့ ပစ္စည်းတွေ သယ်သွားတာအများကြီးရှိတယ်။ အဲ့တာလည်း ပြည်သူလူထုတွေအတွက် လုံခြုံမှုမရှိလို့ ပိတ်ထားရတာဖြစ်တယ်။” လို့ တာဝန်ရှိသူက ပြောပါတယ်။

အောက်တိုဘာလ ၁၅ ရက်နေ့ကစပြီး ညနေ ၆ နာရီကနေ မနက် ၆ နာရီအထိ သွားလာခွင့်ကို ပိတ်ထားမှာဖြစ်ပြီး အရေးပေါ်သွားလာဖို့ လိုအပ်ပါက KNDF B-09 က တာဝန်ရှိသူတွေကို ဆက်သွယ်အကြောင်းကြားဖို့ သူကဆက်ပြောပါတယ်။

”ရိက္ခာကားပဲဖြစ်ဖြစ် လူထုကားပဲဖြစ်ဖြစ်ပေါ့ ကျနော်တို့ အရေးပေါ်တစ်စုံတစ်ရာရှိမယ်ဆိုရင် ကျနော်တို့ KNDF နဲ့ ဆက်သွယ်ပြီးတော့ သတင်းအရကျနော်တို့ စစ်ကောင်စီရှိလား မရှိလား ဖမ်းနိုင်တဲ့ အခြေအနေရှိလားမရှိလား။ ကျနော်တို့ အကုန်လုံးထောက်ပေးတယ်။ ဒါပေမယ့် အကြောင်းမကြားပဲလာလို့ရှိရင် တစ်ခါတလေ ကျနော်တို့ တားတာမရတာနဲ့ ပစ်မိမှာစိုးလို့လေ အဲ့ဟာပေါ့။“

သွားလာခွင့်ပိတ်ထားချိန်မှာလည်း လူထုတွေရဲ့နေအိမ်တွေကို ဝင်ရောက်တာတွေ တွေ့ရှိရပေမယ့် ပြန်လွှတ်ပေးခဲ့တာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

ပြည်သူလူထုတွေအနေနဲ့လည်း မလိုအပ်ပဲ အပြင်တွေမထွက်ဖို့လည်း သူကဆက်ပြောထားပါတယ်။

စံပြ၆မိုင်မှာ KNDF၊ KA နဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားနေတာရှိခဲ့ပြီး စစ်ကောင်စီက ဒေသခံတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်စီးတာတွေလည်း ရှိနေပါတယ်။

(ဓာတ်ပုံ - Crd)
August 19, 2026
ကရင်နီပြည်တွင် သစ်တောပြုန်းတီးမှု ကာကွယ်လျှော့ချနိုင်ရန်အတွက် ထင်းမီးအစားထိုး လောင်စာတောင့်...
ဓာတ်ပုံ - Crd
August 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတွင် Starlink ကုမ္ပဏီ၏ မူဝါဒပြောင်းလဲမှုများကြောင့်...
ဓာတ်ပုံ - Crd
August 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတွင် Starlink ကုမ္ပဏီ၏ မူဝါဒပြောင်းလဲမှုများကြောင့်...
ကရင်နီပြည်တွင်း၌ ရောင်းချနေသည့် စက်သုံးဆီဆိုင်များ။ / Crd
August 18, 2026
ကရင်နီပြည်တွင်းသို့ အနောက်ဘက်ခြမ်း ဝင်ပေါက်များမှတစ်ဆင့် ပြည်တွင်းထွက် ချက်ဆီများ ရောနှောထား...