နိုင်ငံခေါင်းဆောင်များ၏ အမှုအခြေအနေများပြောဆိုခွင့် အမှုလိုက်ရှေ့နေလေးဦးအထိ ပိတ်ပင်ခံရ

နိုင်ငံခေါင်းဆောင်များ၏ အမှုအခြေအနေများပြောဆိုခွင့် အမှုလိုက်ရှေ့နေလေးဦးအထိ ပိတ်ပင်ခံရ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့၏ အမှုလိုက်ရှေ့နေ လေးဦးအနေဖြင့် နိုင်ငံခြားသံတမန်များနှင့် မီဒီယာများသို့ သတင်းထုတ်ပြန်ဖြေကြားခြင်း မပြုရန် စစ်ကောင်စီဘက်က ပိတ်ပင်လိုက်ကြောင်း ရှေ့နေအသိုင်းအဝိုင်းမှတစ်ဆင့် သိရသည်။

တရားလွှတ်တော် ရှေ့နေဦးခင်မောင်ဇော်၊ တရားလွှတ်တော်ရှေ့နေ ဦးသဲမောင်မောင်၊ တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးနှင့် ဒေါ်စန်းမာလာညွန့် တို့အနေဖြင့် နိုင်ငံ့ခေါင်းဆောင်များ၏ အမှုသွားအမှုလာ ရုံးချိန်းအခြေအနေများကို သတင်းမီဒီယာများအပါအဝင် နိုင်ငံတကာသို့ ဖြေကြားခြင်းမပြုရန် စစ်ကောင်စီက ပိတ်ပင်တားမြစ်လိုက်ခြင်းဖြစ်သည်။

အောက်တိုဘာလ ၁၆ ရက်တွင် တရားလွှတ်‌တော်ရှေ့နေ ဦးသဲမောင်မောင်နှင့် ရှေ့နေဒေါ်မင်းမင်းစိုးတို့ကို ပုဒ်မ-၁၄၄ ထုတ်ကာ စစ်ကောင်စီဘက်က ပိတ်ပင်လိုက်ခြင်းဖြစ်သည်။

တရားလွှတ်တော်ရှေ့နေ ဦးသဲမောင်မောင်နှင့် ဒေါ်မင်းမင်းစိုးတို့ကို ပုဒ်မ-၁၄၄ ဖြင့် ပိတ်ပင်ကြောင်းကို ရှေနေ့ အသိုင်းအဝိုင်းထံမှ သိရှိရပြီး ပိတ်ပင်သည့်စာတွင် မည်သည့်အကြောင်းအရာများ ပါရှိကြောင်း မသိရှိရသေးပါ။

တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်ကိုလည်း အောက်တိုဘာလ ၁၄ ရက် ရက်စွဲဖြင့် စစ်ကောင်စီလက်အောက်ခံ ပျဉ်းမနားမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ကိုယ်တိုင်လက်မှတ်ရေးထိုးပြီး ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ-၁၄၄ ထုတ်ကာ စာထုတ်တားမြစ်လိုက်ခြင်းဖြစ်သည်။

စစ်ကောင်စီက တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော်ကို ပိတ်ပင်သည့်စာတွင် ပြည်တွင်းပြည်ပ သတင်းဌာနများ၊ နိုင်ငံခြားသံတမန်များ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် ၎င်းအဖွဲ့အစည်းများမှ လူပုဂ္ဂိုလ်များ၊ နိုင်ငံတကာအစိုးရမဟုတ်သောအဖွဲ့ (NGO) များနှင့် ၎င်းအဖွဲ့အစည်းများမှ လူပုဂ္ဂိုလ်များ ၊ နိုင်ငံခြားအစိုးရ တာဝန်ရှိသူများ၊ ပြင်ပအဖွဲ့အစည်းများမှ လူပုဂ္ဂိုလ်များနှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ မပြုလုပ်ရန် တားမြစ်လိုက်သည်ဟု ဆိုသည်။

ပထမဆုံးစတင်ပိတ်ပင်ခံရသူမှာ ဒေါ်အောင်ဆန်းစုကြည် ၏တရားလွှတ်တော်ရှေ့နေ ဒေါ်စန်းမာလာညွန့်ဖြစ်ပြီး ဩဂုတ်လပထမပတ်က နိုင်ငံခြားသံတမန်အပါအဝင် သတင်းမီဒီယာများနှင့် INGO အဖွဲ့အစည်းများသို့ ဆက်သွယ်ခြင်းနှင့် ပြန်လည်ဖြေဆိုခြင်းများ မပြုလုပ်ရန် ရန်ကုန် ကျောက်တံတားမြို့နယ် အုပ်ချုပ်ရေးမှူးက ခံဝန်ကတိ ရေးထိုးခိုင်းခဲ့သည်။

ထို့ကြောင့် လက်ရှိတွင် နိုင်ငံ့ခေါင်းဆောင်များ၏ အမှုအခြေအနေများပြောဆိုခွင့်ကို အမှုလိုက်ရှေ့နေလေးဦးအထိ ပိတ်ပင်ခံထားရပြီဖြစ်သည်။

ယနေ့ အောက်တိုဘာလ ၁၈ ရက်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တရားစွဲဆိုခံထားရသည့် သဘာဝဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ ၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ နှင့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ တို့ကို နေပြည်တော်ရှိအထူးသီးသန့် တရားရုံးတွင် စစ်ဆေးရန်ရှိကြောင်း သိရသည်။

Most read this week

ဓာတ်ပုံ - (စစ်ကိုင်းတိုင်းရှိ တောင်သူတစ်ဦး လယ်ထွန်ယက်နေစဉ် / MDN.gov)
August 26, 2026
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်များတွင်...
ဓာတ်ပုံ – (တမူး - ကလေးလမ်းပိုင်းတိုက်ပွဲအတွင်း ပျက်စီးသွားသည့် နန်မွန်းတားတံတား ပြုပြင်နေစဉ်/ Crd)
August 26, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ သွား...
ဓာတ်ပုံ - Thingsai Tlaizawng / မီဇိုရမ်ပြည်နယ်အတွင်း ဖမ်းဆီးရမိသည့် လက်နက်ခဲယမ်းများ
August 25, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ရက်ပိုင်းခြား၍ မြန်မာနိုင်ငံမှ သယ်ဆောင်လာသည်ဟု ယူဆရသော သေနတ်...
August 24, 2026
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် မုံရွာခရိုင် ၅+၁ တပ်ဖွဲ့ဝင် နှစ်ဦးနှင့်...