အဆိုတော် ကျားပေါက်၏ Ukulele ကန်ဒေါ်လာ ၂၇၅၀၀ ဖြင့် ကမ္ဘာ့စံချိန်တင်ဈေးရရှိ

အဆိုတော် ကျားပေါက်၏ Ukulele ကန်ဒေါ်လာ ၂၇၅၀၀ ဖြင့် ကမ္ဘာ့စံချိန်တင်ဈေးရရှိ

မြန်မာ့နွေဦးတော်လှန်ရေး ရန်ပုံငွေအတွက် အဆိုတော်ကျားပေါက် ရေးဆွဲထားသော Ukulele ကို အွန်လှိုင်း ပေါ်တွင် လေလံတင်ရောင်းချခဲ့ရာ အောက်တိုဘာလ ၁၇ ရက်နေ့ အပိတ်ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၂၇၅၀၀ (လက်ရှိပေါက်ဈေး မြန်မာကျပ်ငွေ သိန်း ၆၀၀ ဝန်းကျင်) ဖြင့် ကမ္ဘာ့စံချိန်တင်ဈေး ရရှိခဲ့ကြောင်း သိရသည်။

ကမ္ဘာ့ဈေးအကြီးဆုံး Ukulele ၏ ပေါက်ဈေးမှာ အမေရိကန်ဒေါ်လာ ၂၆၀၀၀ အထိသာ အမြင့်ဆုံးရှိခဲ့သည့်အတွက် အဆိုတော်ကျားပေါက် ရေးဆွဲထားသော Ukulele သည် ကမ္ဘာ့အမြင့်ဆုံးစံချိန်ကို ရိုက်ချိုးနိုင်ခဲ့သည်။

“လေလံစျေးအမြင့်ဆုံးနဲ့ အောင်သွားတဲ့ Bro အတွက် Congratulations လုပ်ချင်ပါတယ်။ နိုင်ငံပေါ်မှာထားတဲ့စေတနာရော art ကိုတန်ဖိုးထားတဲ့အတွက်ရော ကျေးဇူးတင်ပါတယ်။ အဆင့်ဆင့် စျေးတိုးပေးပြီး အပြိုင် လေလံဆွဲပေးသူများအားလုံးကိုလဲကျေးဇူးပါ။ ကျနော့် လက်ရေးနဲ့ hand drawn postcard လေး individually ပို့ပေးဖို့စီစဉ်နေပါပြီ” ဟု အဆိုတော်ကျားပေါက်က ၎င်း၏ဖေ့စ်ဘွတ်စာမျက်နှာတွင် ရေးသားထားသည်။

 
 

 

 

Most read this week

ဓာတ်ပုံ - (စစ်ကိုင်းတိုင်းရှိ တောင်သူတစ်ဦး လယ်ထွန်ယက်နေစဉ် / MDN.gov)
August 26, 2026
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်များတွင်...
ဓာတ်ပုံ – (တမူး - ကလေးလမ်းပိုင်းတိုက်ပွဲအတွင်း ပျက်စီးသွားသည့် နန်မွန်းတားတံတား ပြုပြင်နေစဉ်/ Crd)
August 26, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ သွား...
ဓာတ်ပုံ - Thingsai Tlaizawng / မီဇိုရမ်ပြည်နယ်အတွင်း ဖမ်းဆီးရမိသည့် လက်နက်ခဲယမ်းများ
August 25, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ရက်ပိုင်းခြား၍ မြန်မာနိုင်ငံမှ သယ်ဆောင်လာသည်ဟု ယူဆရသော သေနတ်...
August 24, 2026
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် မုံရွာခရိုင် ၅+၁ တပ်ဖွဲ့ဝင် နှစ်ဦးနှင့်...