မြို့ဝင်မြို့ထွက်ဂိတ်တွေမှာ ကင်းစောင့်ဖို့ စစ်မှုထမ်းဟောင်းတွေကို အသုံးပြု

မြို့ဝင်မြို့ထွက်ဂိတ်တွေမှာ ကင်းစောင့်ဖို့ စစ်မှုထမ်းဟောင်းတွေကို အသုံးပြု

မွန်ပြည်နယ်အတွင်းက စစ်ဆေးရေးဂိတ်တွေမှာ လုံခြုံရေးယူဖို့အတွက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်က စစ်မှုထမ်းဟောင်းတွေကို ပြန်လည် အသုံးပြုနေတယ်လို့ စစ်တပ်နဲ့နီးစပ်သူတွေက ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဟာ စစ်ဆေးရေးဂိတ်တွေမှာ ကင်းစောင့်လုံခြုံရေးယူဖို့အတွက် တစ်မြို့နယ်ကို စစ်မှုထမ်းဟောင်းအဖွဲ့ဝင် ၁၀ ဦးနှုန်း ခေါ်ယူအသုံးပြုလာတာ ဖြစ်ပါတယ်။

စစ်ဆေးရေးဂိတ်တွေမှာတော့ ကျန်းမာရေးကောင်းတဲ့ အသက် ၅၀ နှစ်အထက် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်တွေကို အဓိက အသုံးပြုထားတယ်လို့ စစ်တပ်နဲ့နီးစပ်သူတစ်ဦးက ဆိုပါတယ်။

”လုံခြုံရေးဂိတ်တွေ၊ စစ်ဆေးရေးဂိတ်တွေမှာ တာဝန်ချထားဖို့ မြို့နယ်တစ်ခုကို လူ ၁၀ ဦးနှုန်းနဲ့ ရွေးခေါ်ထားတယ်၊ ပြည်သူ့စစ်နဲ့ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်တွေပေါ့၊ အခုရွေးထားတဲ့သူက အသက် ၅၀ နှစ်အထက်မှာရှိတယ်၊ ဘာဖြစ်လို့ အသက်ကြီးပိုင်းကို ရွေးထားတာလဲတော့မသိဘူး” လို့ ၄င်းက ပြောပါတယ်။

စစ်ဆေးရေးဂိတ်တွေမှာ လုံခြုံရေးယူနေတဲ့ စစ်မှုထမ်းဟောင်းတွေကို တစ်ရက် ၁၂ နာရီနှုန်း တာဝန်ထမ်းဆောင်ခိုင်းထားပြီး တနေ့ ထမင်းတစ်နပ်နှုန်းနဲ့ တစ်လ ငွေကျပ်ငါးသောင်းအပါအဝင် အခြေခံစားသောက်ကုန် ပစ္စည်းတချို့ ထောက်ပံ့ပေးထားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ အင်အားနည်းပါးနေသည့်အတွက်ကြောင့် စစ်မှုဟောင်းအဖွဲ့ဝင်တွေကို ပြန်လည်ခေါ်ယူအသုံးပြုနေတာဖြစ်တယ်လို့ စစ်တပ်နဲ့နီးစပ်သူတွေက ဆိုကြပါတယ်။

May 9, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့...
May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...
May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...